Thursday, July 21, 2016

ရွှေပုစွန်​ကို ဦး​ဆောင်​​နေသူ

ရွှေပုစွန်​အတုယူကြပါစို့

ရွှေပုစွန်​ကို ဦး​ဆောင်​​နေသူ


ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ ဟိုတုန်းကသိတဲ့ အတိုင်း Business To Government ကများတယ်။ ဟိုတစ်ခေတ် က Business To Government အစိုးရနဲ့ပတ်သက်တာ များတယ်။ ဒါဆိုရင်Business To Business ဆိုတာ သိပ်အရေး ကြီးတယ်၊ ဆိုတော့ အဲဒီခေါင်းစဉ်နဲ့ မဂ္ဂဇင်း လုပ်ရအောင်ပေါ့။ Business Hero တွေ စီးပွားရေးမှာအောင်မြင်နေတဲ့သူတွေကိုစု ပြီး Harvard စာစောင်တို့ ဘာတို့မှာလည်းလုပ်တယ်။ အဲဒီတော့ ဆရာတို့တိုင်ပင်ပြီး Cover Story ဖြစ်လာတယ်။ အခုဆိုရင် သုံးနှစ်ကျော်သွားပြီ။ တစ်နှစ်မှာ (၁၂) ယောက်နဲ့သုံးနှစ်ဆိုတော့ (၃၆) ယောက်ပေါ့။ အဓိကရည်ရွယ်ချက်ကတော့ သုံးပိုင်းပါ။ တစ်ပိုင်းက လက်ရှိကိုယ်ဘာတွေ လုပ်နေသလဲဆိုတာ ကိုယ်လုပ်နေတဲ့စီးပွားရေးပတ်ဝန်းကျင်အနေအထား ဘယ်လောက်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေသလဲဆိုတာ စာဖတ်ပရိသတ်တွေသိစေချင်တယ်၊ ဒုတိယပိုင်းက ဒီလိုရောက်အောင် ဘယ်က စခဲ့လဲ၊ နောက်ဆုံးပိုင်းကတော့ Furture ပါ။ အဲဒီတော့ ပထမဆုံးလက်ရှိလုပ်နေတာကို ပြည့်ပြည့် စုံစုံရှင်းပြပေးပါ။

ဒါက်တာတင့်စိုးလင်း ။ ။ ကျွန်တော်တို့ ရွှေပုစွန်လုပ်ငန်း စပေါ်လာတဲ့အကြောင်းကလည်း ဖေဖေကအရင်တုန်းက ပွင့်ကောင်းငါးပိ၊ ငံပြာရည်ဆိုပြီးလုပ်ခဲ့တာ။ ပွင့်ကောင်းငါးပိ၊ ငံပြာ ရည်ကို (၁၉၆၄)ခုနှစ်မှာ ပြည်သူပိုင်သိမ်းပြီးတဲ့အခါကျတော့ ကျွန်တော်တို့မိသားစုက ဒီလိုပဲသိုက်သိုက်ဝန်းဝန်း နေပြီး ဘာစီးပွားရေးမှမလုပ်ဖြစ်ဘူး။ အဲဒီနောက်ဖေဖေကလည်း အထိန်းအသိမ်းခံရတော့ မိသားစုက ပိုလို့ ဘာစီးပွားရေးမှမလုပ်ဖြစ်တော့ဘူးပေါ့။ (၁၉၆၄) ခုနှစ်မှာ ပြည်သူပိုင်သိမ်းတော့ ကျွန်တော်က နှစ်တန်း၊ သုံးတန်းကျောင်းသားဘဝပဲရှိပါသေးတယ်။ ဖေဖေက (၁၉၆၇)ခုနှစ်မှာ ပြန်လွတ်လာပြီး လေးနှစ်၊ ငါးနှစ်လောက်ကြာတဲ့အခါကျတော့ မေမေက အစ်ကိုကြီး၊ ဒီအတိုင်းကြီးပဲဆို အဖေနဲ့ အမေက ပြဿနာမရှိဘူး ၊ ဒီလိုသည်းခံ​ရောင့်​ရဲနေသွားလို့ရတယ်။ သားသမီးတွေက ဒီလိုနေသွားရင် ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်နဲ့ဘာမှမလုပ်ကိုင်တတ်ဘဲ သူတို့ဖြစ်လာလိမ့်မယ်။ အဲဒီတော့ စီးပွားရေးပညာလေးတွေတစ်ခုခုတော့ တတ်အောင်လုပ်ပေးရမယ်ပေါ့။ အဲဒါနဲ့ အဖေကစဉ်းစားပြီ​တော့ အဲဒီအချိန်မှာလည်းပဲ နိုင်ငံတော်အစိုးရမျက်စိဆံပင်မွေးမစူးတဲ့၊ လွတ်ကင်းတဲ့၊ အန္တရာယ်ကင်းတဲ့ အလုပ်မျိုးကိုလုပ်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်။ ဖေဖေက (၁၉၇၀) ပြည့်နှစ်လောက်မှာ ရေခဲစက် စထောင်တယ်။ ရေခဲစက်ထောင်တော့ ရေကလည်း ကုန်ကြမ်းအလွယ်တကူရတာပေါ့။ ဖေဖေက စက်မှုလက်မှုကျွမ်းကျင်တော့ ကြက်တန်းကနေ အင်ဂျင်တွေ၊ Compressor​ တွေသွားဝယ်ပြီး ရေခဲစက် ထောင်လိုက်တယ်။ ရေခဲတွေကို ကမ်းနားတို့၊ ကီလီတို့မှာ ကျွန်တော့်အထက်ကအစ်ကို ကိုဇေယျက လိုက်ရောင်းပေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဆေးကျောင်းတက်နေတဲ့အချိန်ပေါ့။ ကိုဇေယျက ရေခဲရောင်းရင်း အအေးဆိုင်တွေနဲ့ရင်းနှီးတော့ သူ့မိတ်ဆွေတွေက အအေးဆိုင် မထောင်ချင်ဘူးလား ဆိုပြီးမေးလာတာကနေ (၁၉၇၈) ခုနှစ်မှာ မိသားစုအနေနဲ့ အအေးဆိုင်လေး စထောင်ဖြစ်တယ်။ ကျွန်တော့်ညီမနဲ့ ကျွန်တော်က ဆယ်တန်းမှာအတူတူ​အောင်ကြပေမဲ့ ကျွန်တော်က ဆေးကျောင်းတက်တော့ နှစ်ပိုကြာကြာ တက်ခဲ့ရတယ်။ အဲဒီတုန်းက အရေးအခင်းတွေ ဘာတွေနဲ့ဆိုတော့ ရှစ်နှစ်လောက်ကြာသွားတယ်။ ညီမ မပွင့်မာခိုင်က လေးနှစ်နဲ့ကျောင်းပြီးသွားတဲ့အခါကျတော့ သူက မုန့်ဖုတ်သင်တန်းတက်တယ်။ သူလုပ်တဲ့မုန့်လေးတွေကို အအေးဆိုင်မှာစပြီးစမ်းရောင်းကြည့်တယ်။ ရောင်းကြည့်ရင်းကနေ အအေးဆိုင်နဲ့ မုန့်ဆိုင်လေးဖြစ်လာတယ်။ (၁၉၈၁-၈၂) လောက် ရောက်တော့ ဖေဖေက ညီမကိုFamily Life ကိုတည်ထောင်စေချင်တယ်။ အချိန်လည်း ယူစေချင်တယ်။ စောစောကအစ်ကိုကလည်း သူ့ကျန်းမာရေးကတော်တော်ချို့ယွင်းလာတော့ သားယောက်ျားလေး တစ်ယောက်ကို ဦးဆောင်စေချင်တယ်ဆိုတော့ နောက်ဆုံးတော့ မိသားစုလုပ်ငန်းကို ကျွန်တော်ဦးဆောင်လုပ်ဖြစ်တာပေါ့။ လုပ်ဖြစ်တော့ (၁၉၈၂-၈၃) လောက်မှာ ကျွန်တော်မုန့်ဆိုင်နဲ့အအေးဆိုင်ကို စ ဦးဆောင်လုပ်ခဲ့တယ်။ အခုလမ်းမတော် (၉) လမ်းအအေးဆိုင်က မူလအစပါ။ အခုလက်ရှိလည်း အအေးဆိုင် အဖြစ်အသုံးပြုနေပါတယ်။ အဲဒီ (၉) လမ်းဆိုင်က ပွင့်ကောင်းငါးပိ၊ ငံပြာရည်လက်ထက်က ပြည်သူပိုင် သိမ်းတော့ ပထမကပါသွားသေးတယ်။ ပါသွားပြီးတော့ အဲဒီမှာဗိုလ်ချုပ်ကြီးနေဝင်းက အသုံးမပြုတဲ့ အဆောက်အဦးတွေ၊ အခန်းတွေပြန်ပေးဆိုရာကနေ (၉) လမ်းက အဆောက်အဦနဲ့ ဂိုဒေါင်တွေကို ပြန်ရလိုက်တယ်။ အဲဒီမှာတင် (၁၉၇၈) ခုနှစ်မှာ ကျွန်တော်တို့မိသားစုအအေးဆိုင် လုပ်ငန်းစခဲ့ကြတယ်။ အဲဒီမှာစိတ်ဝင်စားစရာကောင်းတဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ အကြောင်​လေးတစ်ခုက အဖေရဲ့စကားလေးပါ။ အဲဒီအချိန်မှာ (၉) လမ်းတို့၊ မော်တင်တို့၊ ကီလီတို့က တော်တော်ကိုချောင်ကျတယ်။ လူသူအရောက်ပေါက်နည်း၊ မစည်ကားတဲ့နေရာ။ အဖေက အဲဒီမှာဆိုင်ခန်းအားတယ်၊ ဖွင့်ဖို့ဆိုတော့ တချို့ကဘာလို့ မြို့ထဲမှာမဖွင့်လဲလို့ ရင်းနှီးတဲ့သူတွေက ပြောကြတယ်။ မြို့ထဲက ပိုစည်ကားတာ၊ အဲဒီမှာဆို ပိုမရောင်းရဘူးလားပေါ့။ ဒါပေမဲ့ ဘာစကားလေးတစ်ခုပြောလဲဆိုတော့ "သားတို့ထုတ်လုပ်တဲ့ပစ္စည်း၊ ကိုယ့် ပစ္စည်းကကောင်း ရင် ကောင်းတဲ့နေရာကိုCustomer ကလိုက်လာ မှာပဲ၊ အားပေးမှာပဲ" အဲဒီစကားက ကျွန်တော့် အတွက်တစ်သက်တာလုံး အင်မတန်တန်ဖိုး ရှိတဲ့စကား။ ဘာနဲ့ဥပမာပေးလဲဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ဦးကျောက်ခေါက်ဆွဲဆိုတာ ဗဟန်း (၃) လမ်းထဲမှာရှိတယ်။ အဲဒီအချိန်တုန်းက ခေါက်ဆွဲရောင်းတာ စနေ၊ တနင်္ဂနွေမှအိမ်မှာဆိုင်ဖွင့် ရောင်းတယ်ထင်တယ်။ ဦးကျောက် ခေါက်ဆွဲဆိုင်က ချောင်ထဲမှာ တစ်ပတ်မှာတစ်ရက်၊ နှစ်ရက်လေးဖွင့်တာတောင် လူတွေ၊ ကားတွေကြိတ်ကြိတ် တိုးနေတာကို ဖေဖေကဥပမာပေးပြောတယ်။ (၁၉၇၈) ခုနှစ်ကနေ ကျွန်တော်တို့လုပ်ငန်​လေးက စခဲ့တာ အအေးဆိုင်၊ (၁၉၇၉) ခုနှစ်မှာ မုန့်ဆိုင်၊ (၁၉၈၂) ခုနှစ်မှာ ကျွန်တော်က Family Business ကို ဦးဆောင်ပြီးတော့ ညီအစ်ကိုမောင်နှ​တွေနဲ့အတူတူလုပ်ခဲ့ကြတာ။ အဲဒီမတိုင်ခင် ကျွန်တော်က ဆရာဝန်ပြီးခါစ ဆရာဦးဂျော်နီ(​ဒေါက်​တာသိန်းအုပ်​​ကျော်​မြင့်​)ရဲ့ WHO Project တစ်ခုမှာ Project MO လုပ်လိုက်သေးတယ်။ ဒါပေမဲ့ တစ်နှစ်လောက်လုပ်လိုက်ပြီး ကျွန်တော် မိသားစုလုပ်ငန်းကို ဦးဆောင်ပြီးလုပ်ဖြစ်တာပါ။ အဲဒီကနေစပြီးလုပ်ရင်းကနေ ကျွန်တော်သဘောပေါက်တာကလည်းပဲ လုပ်ငန်းတစ်ခုလုပ်ရင် အလုပ်ရှင်ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းကိုနားလည်မှုရှိမှ ကျန်တဲ့သူတွေကိုစီမံခန့်ခွဲနိုင်မှာ။ ကျွန်တော်က (၁၉၈၈) ခုနှစ်အရေးအခင်းမဖြစ်ခင် ဇွန်လလောက်မှာ ပြည်ပကိုထွက်သွားလိုက်တယ်။ ဂျပန်၊ ဘန်ကောက်၊ စင်ကာပူ၊ ဂျာမနီပေါ့။ အဲဒီမှာ ဟိုတယ်လုပ်ငန်းတွေနဲ့ အဓိကမုန့်လုပ်ငန်းကို ကျွန်တော်လေ့လာချင်လို့ ထွက်သွားတာ။ နောက်ဆုံးတော့ စင်ကာပူနဲ့ဘန်ကောက်မှာ ကျွန်တော် မုန့်ကျောင်းတက်တယ်။ တက်ပြီးတော့ (၁၉၈၈) ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်တော်ပြန်လာခဲ့တယ်။ အဲဒီ မှာအမြင်လေးတွေစပွင့်လာတယ်။ လုပ်ငန်းလုပ်တဲ့ Concept ​တွေ၊ နည်းပညာပိုင်းတွေ တော်တော် များများပြောင်းလဲပြီးလုပ်ကြတယ်။ အဲဒီနောက်ပိုင်းကနေစပြီး ရွှေပုစွန်က တဖြည်းဖြည်းနဲ့နာမည်ရပြီး တိုးတက်ခဲ့ပါတယ်။ ကုန်ကြမ်းအတွက် ကျွန်တော်တို့ နွားနို့ကောင်းကောင်း၊ ထောပတ်ကောင်းကောင်း လိုလာတယ်။ နွားနို့ကောင်းကောင်းလိုချင်ပေမဲ့ ရေထိုးတဲ့နွားနို့တွေနဲ့ပဲကြုံနေရလို့၊ နွားနို့အကြောင်းလည်း လက်တွေ့သိချင်လို့ ကျွန်တော်နွားမွေးခဲ့တယ်။ ရန်ကုန်၊ ပျဉ်းမပင်နားမှာ နွားအကောင်(၂၅ ၊ ၃၀) လောက်နဲ့စမွေးတယ်။ အခုတော့ အကောင်နှစ်​ရာ​လောက်ရှိပါတယ်။ နွားစမွေးပြီးလေးငါးနှစ် လောက်နေတော့ တစ်ခုထပ်စဉ်းစားလာပြန်တယ်။ နွားမွေးတာက ရန်ကုန်နဲ့နီးနီးနားနားဆိုတာထက် တောင်ပေါ်ဒေသတွေမှာမွေးရင် ကောင်းမလားပေါ့။ ကျွန်တော်တောင်ပေါ်ဒေသကိုရွေးချယ်ဖြစ်တာ ကလည်း ကျွန်တော့်အစ်ကိုလိုလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ဆရာကြီး ဦးအောင်သန်း (အထက ၂ ဗဟန်း) က ရပ်စောက်ဘက်မှာ စိုက်ပျိုးရေးလုပ်နေတော့ သူကအဲဒီဘက်မှာ အလုပ်သမားလည်​ပေါ၊ ရေမြေရာသီလည်းကောင်းလို့ လာပြီးတော့လုပ်ကြည့်ပါလားတဲ့။ ကိုယ်ကလည်း ရှမ်းပြည်ရဲ့ရာသီဥတုက အေးတာကိုသဘောကျတယ်။ အဲဒီမှာနွားမွေးဖို့အစီအစဉ်တွေ သွားလုပ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာနွားတွေကိုနယ်ကျော် သယ်တာကိုလွယ်လွယ်ကူကူနဲ့ခွင့်မပြုဘူး။ နွားတွေကိုတရုတ်ပြည်ဘက်ကိုခိုးထုတ်တာတို့ဘာတို့နဲ့ တားမြစ်ထားတဲ့အချိန်နဲ့ကြုံတော့ ကျွန်တော့်ပျဉ်းမပင်ခြံက ကိုယ်ပိုင်နွားတွေကိုတောင် သယ်ဖို့က ခဲယဉ်းတယ်။ တစ်လလောက်လျောက်တာ ဘယ်လိုမှမရတာနဲ့ ကျွန်တော်လည်းစိတ်ပျက်ပြီး အဲဒါဆို မွေးမြူရေးမလုပ်ဘဲစိုက်ပျိုးရေးဘက်ကိုပဲ ဦးတည်သွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ အဲဒီမှာ စိုက်ပျိုးရေးဘက်ကို ဦးတည်တဲ့အကြောင်းက ရောက်လာတော့ ကျွန်တော်ကပထမတော့ ရာသီသီးနှံတွေဖြစ်တဲ့ ပြောင်း၊ နှမ်း၊ မြေပဲ စိုက်တယ်။ (၁၉၉၀) ပြည့်နှစ်မှာ ကျွန်တော်ရပ်စောက်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေစလုပ်တဲ့အချိန်မှာ မိုးရော၊ ရေရော၊ ရာသီရော တော်တော်လေးအဆင်ပြေတယ်။ ၁၉၉၇ ခုနှစ်လောက်ရောက်တော့ သစ်တေ​တွေပြုန်းလာတဲ့အခါကျတော့ မိုးခေါင်လာတယ်။ အဲဒီမှာ ထိုင်းတို့၊ တရုတ်တို့အာရှနိုင်ငံတွေမှာ လိုက်လေ့လာတဲ့အခါကျတော့ Agroforestry အလုပ်ကို သူတို့ကအားပေးတယ်။ သူတို့နိုင်ငံတွေ အနေနဲ့ကတော့ မှားခဲ့ပြီ။ ခင်ဗျားတို့ကအခုမှစလုပ်မှာဆိုတော့ ခင်ဗျားတို့မမှားအောင် စိုက်ပျိုးရေးလုပ်တဲ့အခါ Forestry ပါထည့်လုပ်ရင်ပိုကောင်းတယ်လို့ ပြောကြတယ်။ အဲဒီအချိန်မှာ ရာသီသီးနှံတွေကလည်းတအားပင်ပန်းပြီး မိုးမျော်ရ၊ မျိုးမျော်ရတာနဲ့ သီးနှံထွက်ချိန်ဈေးကကျနဲ့ဆိုတော့ ကျွန်တော်တို့ကမကိုက် တော့ဘူး။ ရေရှည်တော့သွားလို့မကောင်းဘူး။ အဲဒီအချိန်ပြည်ပမှာ လေ့လာရင်းနဲ့သိရှိခဲ့ရတဲ့ Agroforestry နဲ့ကိုက်တာဘာဖြစ်မလဲ ဆိုတာစဉ်းစား တယ်။ Forest ကိုကျွန်တော်စအကောင်အထည်ဖော်တယ်။ အဲဒီအချိန်မှာ ရပ်စောက်ဒေသနဲ့ကိုက်တာ သရက်ရှိမယ်၊ ဝက်သစ်ချနဲ့ရာဘာရှိမယ်။ နှစ်ရှည်စိုက်ပျိုးရေးက မိတ်ဆွေ တစ်ယောက်ကအားပေးလို့ ရာဘာကို ကျွန်တော်စွန့်စားပြီးစိုက်ကြည့်ခဲ့တယ်။ အဓိက က ပထမဆုံးဦးတည်တာက တောဖြစ်ချင်တာ၊ တကယ့် တကယ်ကတောဖြစ်ဖို့ကျ သရက်က အသီးလိုချင်တယ်ဆိုရင် တောကိုအကြီးကြီးဖြစ်အောင်ဖန်တီးလို့မရဘူး။ သရက်ရဲ့စနစ်က အသီးခူးဖို့၊ ဆေးဖျန်းဖို့နဲ့ အသီးသီးပြီးရင် အပင်ကို ချိုင်ရတာတွေနဲ့ဆိုတော့ သရက်ပင်ကိုအမြင့်ကြီး၊ အုံအကြီးကြီး တွေထားလို့မရပြန်ဘူး။ သရက်က အသီးယူဖို့ဖြစ်သွားပြန်ရော။ ဝက်သစ်ချကတော့ တောင်ပေါ်ဒေသနဲ့ဖြစ်တယ်။ ဒါပေမဲ့ ဝက်သစ်ချက ဘာသုံးလို့ရမလဲဆိုတာ ကျွန်တော်စဉ်းစားတယ်။ ဒီသစ်က ကျွန်တော်တို့ တိုင်းပြည်မှာတော့ သိပ်အသုံးမဝင်လှဘူး၊ အပင်က ဘာလုပ်မလဲ။ ရာဘာကျတော့ စမ်းစိုက်ကြည့်မယ်၊ ပထမတစ်နှစ်မှာ စည်းခါးကျတော့ အကုန်သေသလို ဖြစ်ကုန်တယ်။ ဒါပေမဲ့ နောက်နှစ်ကျတော့ မနှစ်ကစည်းခါးကျလို့ညှိုးနွမ်းနေတဲ့ အပင်တွေက အတက်တွေထွက်လာလို့ ရာဘာကဖြစ်သွားတယ်။ ပထမရည်ရွယ် ထားတာက မိုးပြန်ရချင်တာ၊ နောက် ကျွန်တော်လိုက်လေ့လ​တော့ ဝက်သစ်ချနဲ့ ရာဘာရဲ့ အောက်မှာ ကော်ဖီစိုက်ရင်မဖြစ်ဘူးလားလို့ အကြံရတယ်။ စမ်းစိုက်ကြည့်တော့ တော်တော်အဆင်ပြေသွားတယ်။ ကော်ဖီကိုလည်း ရာဘာနဲ့ ဝက်သစ်ချအပင်တန်းကြားမှာထည့်လိုက်တော့ ကော်ဖီက သူ့အတွက်အရိပ်ရတော့ တော်တော်အဆင်ပြေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ကော်ဖီထုတ်လုပ်မှုနဲ့နာမည်ကြီးတဲ့ တိုင်းပြည်တစ်ခုကနေ ကော်ဖီမျိုးစေ့တွေမှာပေးလို့ ကျွန်တော်စိုက်တယ်။ အဲဒီကနေစပြီ​တော့ကော်ဖီနဲ့ရာဘာ၊ ကော်ဖီနဲ့ဝက်သစ်ချ တော်တော်အဆင်ပြေသွားတယ်။ ကျွန်တော်တို့တိုင်းပြည်မှာကလည်းတစ်ခုက စိုက်ပျိုးပုံစနစ်တကျဖြစ်ဖို့ဆိုတာ ဌာနဆိုင်ရာတွေကိုအားကိုးရသလို ကိုယ့်ဘာသာကိုယ်လည်း ဉာဏ်လွှာသုံးရတဲ့အပိုင်းတွေ ပါလာတယ်။ ကော်ဖီဌာနဆိုရင် ကျွန်တော်တို့ကို အများကြီးအကူအညီတွေပေးပါတယ်။ သူတို့ကလည်း ကော်ဖီစိုက်ပျိုးသူတွေ များလာစေချင်တဲ့သဘောနဲ့ တီဗီမှာကြေညာတယ်။ ကော်ဖီစိုက်ရင် အရိပ်ပင်နဲ့ ကော်ဖီပင် အတူတူတွဲစိုက်၊ တွဲစိုက်ရင် သုံးနှစ်ဆို ကော်ဖီသီးရမယ်။ စစိုက်ခါစ အပင်တွေကြားထဲကျန်တဲ့ရာသီသီးနှံတွေထည့်စိုက်ရင် ပထမနှစ်ထဲမှာပဲစပြီး ဝင်ငွေတွေရမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်က စဉ်းစားတယ်၊ အလုပ်တစ်ခုလုပ်မယ်ဆိုရင် သေချာစူးစိုက်ပါမှ အလုပ်ကအောင်မြင်နိုင်တယ်။ ကျန်တဲ့ဟာတွေစိတ်တွေပြန့်နေရင် မဖြစ်နိုင်ဘူး။ ကျွန်တော်က ကျွန်တော့်မန်နေဂျာ၊ ဝန်ထမ်းတွေကို ပြောတယ်၊ ငါ ကော်ဖီဆို ကော်ဖီပဲလိုချင်တယ်။ ကျန်တာဘာမှ မလိုချင်ဘူး၊ မင်းတို့ကော်ဖီပေါ်ပဲစူးစိုက်ကြ။ ကော်ဖီကောင်းဖို့ရာ အရိပ်ပင်ကိုအားကိုးတယ်ဆိုရင် အရိပ်ပင်ကိုလည်း ကော်ဖီပင်လိုပဲပြုစုပါ။ ကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့အရိပ်ပင်နဲ့ ​ကော်ဖီပင်တွဲစိုက်တဲ့အခါ ကော်ဖီပင်ကအရင်ကြီးသွားမယ်၊ အရိပ်ပင်က လိုက်မတက်သေးဘူး။ အဲဒီအခါကျတော့ ကော်ဖီပင်ကအရိပ်မရ တော့ အပူဒဏ်အထိနာတယ်။ ကော်ဖီပင်ကငယ်ငယ်လေးကတည်း ကအထိနာရင် မွေးကင်းစကလေးလိုပဲ နည်းနည်းဒဏ်ပေးလိုက်​သလိုဖြစ်သွားတာပေါ့။ ကျွန်တော်တို့က ဘာလုပ်လိုက်သလဲဆိုတော့ အရိပ်ပင်ကို အရင်စိုက်လိုက်တယ်။ နှစ်နှစ်လောက်​တော့ အရိပ်ပင်ကတော်တော်ကြီးထွားလာတော့ အဲဒီအောက်မှာ ကျွန်တော်​ ​ကော်ဖီပင်တွေလိုက်စိုက်တယ်။ အဲဒီအခါကျတော့ ကော်ဖီပင်တွေ အင်မတန်သန်​​တော့ အသီးကောင်းတယ်၊ ဒီလိုမျိုး တွေဖြစ်လာတာပေါ့။ ဒါက တစ်ခါတလေလည်း ကိုယ့်တိုင်းပြည် ရဲ့ရေမြေ၊ ရာသီပေါ်မူတည်ပြီး ကိုယ့်ဘာသာကိုယ်စဉ်းစားတွေးခေါ် ရတာတွေရှိတယ်။ တချို့နိုင်ငံတွေမှာတော့ ကော်ဖီပင်ဟာ အရိပ် ပင်မလိုတာတွေလည်းတွေ့ဖူးခဲ့ပါတယ်။ သူတို့ရဲ့ရေမြေရာသီဥတု အခြေအနေ၊ တည်နေရာတွေက ကျွန်တော်တို့လို အပူပိုင်းဇုံမှာ မဟုတ်ဘဲ၊ အအေးပိုင်းဇုန်မှာဆိုတော့ ​တော်တော်ကွာခြားတာ ပေါ့။ အခုကော်ဖီပင် ကျွန်တော်စိုက်တာ (၂၀၀၀) ပြည့်နှစ်ကတည်းကဆိုတော့ (၁၆) နှစ်ရှိသွားပြီ။ ကျွန်တော် ရပ်စောက်၊ ပြင်ဦးလွင်၊ ဝက်ဝံ၊ နောင်ချိုဘက်မှာ ​ကော်ဖီစိုက်တယ်။ အားလုံးပေါင်း ​ကော်ဖီခူးနေတာ ဧကငါးရာလောက်ရှိတယ်။ (၂၀၂၀) ပြည့်နှစ်လောက်ဆိုရင် ဧကတစ်ထောင်ကနေ ခူးမယ်လို့မှန်းထားတယ်။ အထူးသဖြင့် ကျွန်တော်တို့လုပ်နေတဲ့စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကော်ဖီကိုတတ်နိုင်သမျှဘာပဲ စိုက်စိုက်ပါ Organic ဖြစ်​​အောင် သဘာဝဓာတ်မြေသြဇာကို ကျွန်တော်တို့ဆီမှာ ကိုယ်တိုင်လုပ်ပြီး သုံးတယ်။ တတ်နိုင်ရင် ပိုးသတ်ဆေးတွေမဖျန်းရအောင် ကျွန်တော်တို့ကြိုးစားပြီး ​ဆောင်ရွက်ကြတယ်။ ပိုးသတ်ဆေးမဖျန်းရအောင်ကြိုးစားတယ်ဆိုတာက အဓိကအားဖြင့် ပိုးပေါက်တဲ့နေရာ ကလည်း ပေါင်းမြက်တွေရှိနေရင်ပေါက်တာပေါ့။ ကျွန်တော့်ခြံက မန်နေဂျာတွေ၊ ဝန်ထမ်းတွေကို အမြဲတမ်း ညွှန်ကြားထားတာက စိုက်ပျိုးရေးခြံဆိုတာ စိုက်တဲ့အပင်တွေတင်မဟုတ်ဘူး၊ ပတ်​ဝန်းကျင်တစ်ခုလုံးကို သပ်ရပ်အောင်ထားရမယ်။ အကုန်လုံးက ပေါင်းမြက်တွေကင်းရှင်းနေရမယ်။ တစ်နည်းအားဖြင့် ပိုးတွေမလာနိုင်ဘူး၊ ပိုးတွေမခိုနိုင်၊ ပိုးတွေမပေါက်နိုင်ဘူးဆိုရင် မင်းတို့တွေပိုးသတ်ဆေးသုံးရတာ နည်းလိမ့်မယ်။ အခုကတော်တော်များများကို သူတို့ပိုးကင်းစင်အောင်လုပ်နိုင်တော့ ကော်ဖီကိုလည်း ခြံကိုရောက်သွားဖူးတဲ့၊ သောက်သုံးဖူးတဲ့ နိုင်ငံခြားသားတွေ၊ အထူးသဖြင့် ဂျပန်တွေ မြန်မာပြည်ကို လာပြီးပြန်ရင် တစ်ခါတစ်ခါဝယ်ရင် ကော်ဖီအထုပ် သုံးလေးဆယ်လောက်ဝယ်ကြတယ်။ ဒီခြံကိုလည်း ရောက်သွားဖူးတော့ သူတို့သဘောကျကြတယ်။ ဒါကတော့ ကော်ဖီနဲ့ပတ်သက် လို့ ကျွန်တော်တို့ လောလောဆယ် လုပ်ကိုင်နေတာတွေပါ။
အဓိကစခဲ့တာက အအေး၊ နောက်မုန့်နဲ့စခဲ့တာပါပဲ။ ဒီအအေးနဲ့ မုန့်ဆိုင်ကဖြစ်တဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီး ကျွန်တော်တို့က ဒီအကျိုးအမြတ်ကို စိုက်ပျိုးရေးမှာရင်းနှီးခဲ့တယ်။ ရင်းနှီးလုပ်ကိုင်တဲ့အခါမှာ ကိုယ့်စီးပွားရေးအတွက်သာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ အတူတူယှဉ်တွဲပြီးနေကြတဲ့ဒေသခံ တိုင်းရင်းသားတွေက ကျွန်တော်တို့ဘာလုပ်မလဲဆိုတာကြည့်ပြီး သူတို့ကပါလိုက်လုပ်တော့တာ။ ရပ်စောက် မြို့နယ်ဆိုရင် အထူး သဖြင့် ဝမ်းသာဖို့ကောင်းတာက ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ကျွန်တော်တို့ တော်တော် များများလုပ်ပေးနိုင်အခဲ့တယ်။ အထူးသဖြင့် လိုအပ်​​နေချိန်မှာပေါ့။ နောက် ကျွန်တော်တို့ရေအားလျှပ်စစ်လည်း ထုတ်သုံးတယ်။ ရေအားလျှပ်စစ်ထုတ်တယ်ဆိုတာက ကျွန်တော်တို့ခြံ နောက်မှာက ချောင်းတစ်ခုရှိတယ်။ အဲဒီချောင်းရဲ့နောက်မှာ လယ်ကွက်တွေရှိတယ်။ အဲဒီလယ်ကွက်​​နောက်မှာ ဇော်ဂျီချောင်းမကြီးရှိတယ်။ အဲဒီချောင်းလေးနဲ့ ဇော်ဂျီချောင်းမကြီးက ကျွန်တော်တို့ခြံ နောက်ကိုရောက်တော့ (၁၉) ပေလောက်အနိမ့်အမြင့်ရှိတော့ ချောင်းလေးထဲကရေကို ချောင်းမကြီးထဲဖောက်ထည့်လိုက်ပြီး တာဘိုင်ကို လည်ခိုင်းလိုက်တော့ မြင်းကောင်ရေ (၃၀) လောက်အင်အားရှိတဲ့လျှပ်​စစ်ရခဲ့တယ်။ လမ်းမီးရော ကိုယ်နေတဲ့ခြံဘက်အတွက်ပါ တော်တော်လေးအဆင်ပြေသွားတယ်။ မီးရတော့ အကုန်လုံးဝမ်းသာကြတယ်။ အဲဒီနောက်ပိုင်းကျတော့ လူကြီးတွေခရီးစဉ်လာရင် ဇော်ဂျီရေအားလျှပ်စစ်က စနေပြီဆိုတော့ ရွာအတွက်နဲ့ ကျွန်တော်တို့အတွက် ထရန်စဖော်မာလေးတွေကိုပေးပါဆိုတော့ လူကြီးတွေကလည်း ရွာအတွက်နဲ့ ကျွန်တော်တို့ခြံအတွက် ပထမ(၁၀၀)​ကေဗွီ​​​အေထရန်စဖော်မာတစ်လုံးစီ (၁၉၉၆) ခုနှစ်မှာပေးပါတယ်။ ပေးတော့ ရွာလည်းမီးလင်းသွားတယ်၊ ကျွန်တော်တို့ခြံလည်း အစိုးရမီး ထပ်ရတယ်။ မီးရတော့ အဲဒီဘက်မှာ ငှက်ဖျားလည်းတော်တော် နည်းသွားတယ်။ ကျွန်တော်ကလည်း ဆရာဝန်ဖြ​စ်​ ​တော့ရန်ကုန်ကနေ စိုက်ပျိုးရေးခြံရောက်လာပြီဆိုရင် တော် ​တော်​ များများရွာက ရောက်လာပြီး ဆေးကုကြတယ်။ ကျွန် ​တော်ကလည်း သူတို့ကို ငှက်ဖျားကာကွယ်ဆေးတွေပေး၊ ငှက်ဖျားဖြစ်လည်း ကုပေး​တော့ တော်တော်လေးချမ်းသာရာရကြတယ်။ တချို့ကိုယ်မလုပ်တတ်တဲ့ ကျန်းမာရေးကိစ္စတွေဆို သူတို့ကို ကျွန်တော်ကိုယ်တိုင်ကာ​မောင်းပြီး တောင်ကြီးပို့ပေးခဲ့တယ်။ ရပ်စောက်ဆေးရုံပို့သင့်တဲ့ လူ​တွေလည်းပို့ပေးပေါ့။ အဲဒီတုန်းက ရပ်စောက်မြို့နယ်ဆေးရုံက သိပ်လည်းမဖွံ့ဖြိုးသေးဘူး။ အဲဒီလိုဆိုတော့ ပတ်ဝန်းကျင်ကလူတွေက ကျွန်တော်တို့လုပ်ငန်းအပေါ် ချစ်ခင်အားကိုးကြတယ်။ သူတို့လည်း အကျိုးရှိ၊ ကိုယ့်ကိုလည်း ၀ိုင်းအားပေးကြ၊ ကိုယ်လိုတယ်ဆို ၀ိုင်း လုပ်အားတွေပေးကြ ပေါ့။ အဲဒါလေးကလုပ်ငန်းပေါ်ကနေကြည်နူးစရာမေတ္တာတွေနဲ့ကုသိုလ်အကျိုး အမြတ်တွေအရင်ရတယ်။ စိုက်ပျိုးရေးလုပ်ငန်းက ဒီမြန်မာ ပြည်မှာလုပ်တဲ့သူကလည်း အကြီးအကျယ်မရှိသေးဘူး။ ကျွန်တော်ပထမလုပ်တော့ တော်တော်သည်းခံပြီး ကိုယ့်မန်နေဂျာတွေ၊ ဝန်ထမ်းတွေကအစ ပြောရတယ်။ မင်းတို့ ငွေကြေးဆိုတာ ကိုယ်လုပ်ရပ်မှန်ကန်လာရင် ကိုယ့်နောက်ကနေ လူအများစုကလိုက်လာပါလိမ့်မယ်။ ဒါပေမဲ့ အရင်ဆုံးေ​​​ငွ​ကြေးနဲ့မတွက်ပဲ ပတ်​ဝန်းကျင်တစ်ခုလုံးက ကိုယ့်အတွက်နဲ့ဖွံ့ဖြိုးလာတယ်၊ တိုးတက်လာတယ်၊ ချမ်းသာရာရလာတယ်ဆိုရင်ပဲ ဘာပဲ ပြောပြော ငါတို့၊ မင်းတို့အတွက်ဝမ်းသာစရာ၊ အားရှိစရာပါပဲ။ အဲဒီလို အခြေအနေကနေစပြီးလုပ်ခဲ့ရတာပါ။ အဲဒီလိုနဲ့ ကျွန်တော့်ဆီမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေလည်းပဲ အတူတူလုပ်ကြရင်းနဲ့စိတ်တူ ကိုယ်တူဖြစ်လာရင်း များသောအားဖြင့် လုပ်သက် အနှစ်(၂၀ ၊ ၂၅) တွေများလာတယ်။ကျွ​န်ေ​တ်ာတို့စိုက်ပျိုးရေးခြံတွေအားလုံးပေါင်းရင် အမြဲတမ်းဝန်ထမ်း (၁၅၀) လောက်ရှိတယ်။ နေ့စား ဝန်ထမ်းတွေက ခြံတွေအားလုံးပေါင်းရင် ငါးရာလောက်ရှိတယ်။ မုန့်လုပ်ငန်းက နေပြည်တော်နဲ့ ရန်ကုန် ပေါင်းရင် ခြောက်ရာကျော်တယ်။ ရွှေပုစွန်မိသားစုဝန်ထမ်းအနေနဲ့ အားလုံးပေါင်းလိုက်ရင် ဝန်ထမ်း (၁,၂၀၀) လောက်ရှိမှာပါ။

အဲဒီတော့ ရွှေပုစွန်ဆိုတဲ့ Brand က အန်ကယ်ဦးပွင့်ကောင်းဆီကနေ ရတာလား။

အမှန်တော့ ဆရာလည်းမှတ်မိပါလိမ့်မယ်။ ကျွန်တော်တို့ လမ်းမတော် (၉) လမ်းဆိုင်က အဖေ့ရဲ့ ငါးပိ၊ ငံပြာရည်အရောင်း ဆိုင်ခန်းပေါ့။ အဲဒီမှာ ပုစွန်တွေ၊ ငါးတွေ ဆိုင်းဘုတ်ရေးထားတော့ အဲဒါကို အစွဲပြုပြီး ဖေဖေလုပ်ခဲ့တဲ့လုပ်ငန်းကိုဆက်လက်ပြီး​​"​ရွှေပုစွန်​" ဆိုပြီး ကျွန်တော်တို့နာမည်သတ်မှတ်လိုက်တာပါ။ ဖေဖေကိုယ် တိုင်ကလည်း အဲဒီနာမည်ကို သဘောတူတယ်။ အဲဒီကနေ​ "​ရွှေပုစွန်​ " ဖြစ်သွားတာပါ။

အဲဒီတော့ အခု ရှင်းပြတာမူတည်ပြီးတော့စီးပွားရေးအနေနဲ့ ပြန်သုံးသပ်ကြည့်ရင် ကိုယ်က မုန့်ဆိုင်လည်းဖွင့်ထားတယ်။ ကော်ဖီကရော ထွက်တာတွေ အားလုံးဒီအထဲထည့်တာလား။

ကော်ဖီက ကျွန်တော်တို့ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းထွက်တာကို ပြည်တွင်းမှာပဲသုံးတယ်။ ကိုယ့်ဆိုင်မှာ လက်လီတင်မကဘူး၊ ကျွန်တော်တို့ဆီကနေ ပြည်တွင်းမှာတင်ပဲ လက္ကားသဘောမျိုး အများ ကြီးလာဝယ်ယူအားပေးကြတယ်။ တချို့ဟိုတယ်တွေ Residence တွမှာသုံးတယ်။ အထူးသဖြင့် ပြည်တွင်းသမားတွေရော နိုင်ငံခြားသားတွေက တော်တော်လက်ခံအားပေးကြတယ်။ သူတို့ကိုယ်တိုင်လည်း ခြံကိုရောက်ဖူးတာတွေရှိတော့၊ စိုက်ပျိုးနည်းစနစ်နဲ့ ကိုယ်တိုင် Organic​ မြေသြဇာထုတ် လုပ်မှု၊ သန့်ရှင်းသပ်ရပ်မှုတွေကိုတွေ့မြင်သွားကြပြီးတော့ ပိုယုံကြည်အားပေးလာ ကြတယ်။

ကိတ်မုန့်လုပ်ငန်းက ရန်ကုန်နဲ့ ​နေပြည်တော်မှာပါ ရှိတော့ အဲဒီအကြောင်းနည်းနည်းရှင်းပြပါ။

အထူးသဖြင့် အစားအသောက်လုပ်တဲ့နေရာတွေမှာ ကျွန်တော်တို့မြန်မာတွေရဲ့အလေ့ အကျင့်က Safety နဲ့ Food Hygiene ကိုသိပ်ဂရုမစိုက်ခဲ့ကြဘူး။ တစ်ခါဆိုရင် (လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က) ကျွန်တော် နာမည်ရတဲ့အ သုပ်ဆိုင်တစ်ဆိုင်မှာ သွားစားတာ သူကအပြင်ကပြန်လာပြီးတော့ သူ့ဘာလီပုံးထဲမှာ ဇွန်းတွေလည်းဆေး၊ ပန်းကန်တွေလည်းဆေး၊ လက်ကိုပါနှစ်ဆေးလိုက် ပြီးမှခေါက်ဆွဲကိုနယ်တော့တာပဲ။ ကိုယ်ကဆရာဝန်ဖြစ်ထားတော့ ကျွန်တော့်စိတ်ထဲမှာ သူက ဘယ်က ပြန်လာလဲမသိဘူးပေါ့၊ စိတ်မသန့်ဘူးဖြစ်တယ်။ နောက်ထိုင်မစားဘဲ ပါဆယ်ထုပ်ယူလာလိုက်ပြီး၊ မစားဖြစ်တော့ဘူး။ အဲဒါကြောင့် ကျွန်တော့်ဝန်ထမ်းတွေကိုပြောတယ်၊ ကိုယ့်ရဲ့အစားအသောက် တစ်ခုကိုလုပ်မယ်ဆိုရင် စားသုံးသူနောက်ကွယ်မှာလုပ်တာက လည်း စားသုံးသူအရှေ့မှာ သပ်သပ် ရပ်ရပ်လုပ်သလိုပဲ လုပ်တဲ့အကျင့်ရှိရမယ်။ စားသုံးသူအရှေ့ဆိုရင်တော့ လှအောင်ပြင်ပြီး လှအောင် လုပ်ပြသလိုပဲ။ အဲဒါကြောင့် ကျွန်တော် Demonstration အခန်းကို မှန်နဲ့ စားသုံးသူတွေမြင်အောင် ထားတဲ့အလေ့အကျင့်လုပ်တယ်။ လုပ်ငန်းခွင်နောက်ပိုင်းတွေမှာလည်း နေရာထိုင်ခင်းကအစ သန့်သန့်ရှင်းရှင်း၊ ဝန်ထမ်းတွေစားတာသောက်တာကအစ သန့်သန့်ရှင်းရှင်း စားသောက်နေထိုင်မှ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ အစားအသောက်က အင်မတန်အရေးကြီးတာကိုး။ အဲဒီအခြေခံပေါ် မူတည်ပြီး ဆိုင်စဖွင့်မယ်လုပ်တော့ ဖေဖေက စကားလေးတစ်ခွန်း ပြော လိုက်တယ်။ သားလုပ်ပါ ဘာမှ စိုးရိမ်စရာမရှိဘူး။ သားက ဆရာဝန်ဖြစ်ဖူးတယ် သားက သူများပေါ်မှာမေတ္တာရှိတယ် သည်းခံတတ်တယ်ဆိုရင် အလုပ်ကမုဆိုးစိုင်သင်သလိုပဲ သင်သွားလိမ့်မယ်။ အဓိကတော့ စားသုံးသူကို စေတနာထားရမယ်။ စားသုံးသူလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်။ ဒါပေမဲ့ သားငွေ ကြေး အကျိုးအမြတ်ကို ရှေ့တန်းမတင်ပါနဲ့။ ​ ​ငွေကြးအကျိုးအမြတ်က သားမှန်ကန်ရင်သားနောက်ကလိုက်လာပါလိမ့်မယ် လို့ ​ဖေ​ဖေက အဲဒီလိုကိုပြောတာ။ မှတ်မှတ်ရရ ဖေဖေက ဘုရားခန်းထဲမှာ မှာတာ အဲဒါကိုကျွန်တော်အမြဲတမ်း စွဲနေတယ်။ အဲဒါကြောင့် စားသုံးသူတွေကို ကိုယ့်မိဘဆွေမျိုးသားချင်းတွေစားသလိုပဲ သန့်သန့် ရှင်းရှင်းလေးဖြစ်အောင် ကိုယ်ကအဲဒီ Concept​ လေးနဲ့စခဲ့တာ။ နောက်တစ်ခုကလည်း ကျွန်တော်တို့က Raw Material ​တွေကိုတတ်နိုင်သမျ အရည်အသွေးကို Raw Material ဖြစ်အောင်၊ Raw Material က ဈေးတက်သွားလို့ဆိုပြီး လျော့သုံး၊ အရည်အသွေးမမီတာ​တွေနဲ့ အစားထိုးသုံးတာမျိုး မဖြစ် ရအောင်ထိန်းသိမ်းတယ်။ အခုတော့ Raw Material​ တွေက တော်တော်လေးတော့ တည်ငြိမ် လာပါတယ်။ ဟိုအရင်တုန်းကဆို ဈေးအတက်အကျနဲ့ ပစ္စည်းတွေပြတ်သွားတာတွေရှိတယ်။ အဲဒီ အချိန်မှာ ကိုယ်က ပစ္စည်းအကောင်းဆုံးရအောင်၊ ဖြစ်အောင်ဖန်တီးရတယ်။ တော် တော်စိတ်ပင်ပန်း ပါတယ်။ နောက် Raw Material ကိုဈေးကြီးလို့ဆိုပြီး ကျွန်တော်တို့က လျှော့လို့မရဘူး။ ကျွန်တော်တို့ မတတ်နိုင်ရင် စားသုံးသူကို ရိုးရိုးသားသားလေးပဲပြောပြီး ကျွန်တော်တို့ ဈေးတက်ရောင်းပါတယ်။ ဒီအပေါ်မှာအရည်အသွေးကို လုံးဝ အလျှော့အတင်းမလုပ်ခဲ့ဘူး။ စားသုံးသူတွေရဲ့ပါးစပ်က လိမ်လို့မရဘူး။ ဒီနေ့ထက်တိုင်လည်း စားသုံးသူတွေက ယုံကြည်အားပေးကြတယ်။ သူတို့စိတ်ထဲမှာ အဓိကစွဲနေတာက ရွှေပုစွန်ကမုန့်ကတော့ အရည်အသွေးမှန်တယ်ပေါ့။ ကျွန်တော်တို့မုန့်က တစ်အား Modernize မဖြစ်တာတောင်မှ စားသုံးသူက အ မြဲတမ်းဒီမုန့်ပေါ်မှာ ယုံကြည်မှုရှိတယ်။ လေးစားမှုရှိတယ်။ ဒီမုန့် ကိုပဲ သူတို့အားပေးတယ်။

ကျွန်တော့်ဘဝမှာ လမ်းဆုံလမ်းခွတွေအများကြီးရောက်ဖူးတယ်။ ဥပမာအနေနဲ့ပြောရရင် လွန်ခဲ့တဲ့ (၁၀ ၊ ၁၅) နှစ်လောက်က ကျွန်တော် Automatic Machine အသုံး ပြုပြီး မုန့်လုပ်မလား၊ ဝန်ထမ်းတွေအများကြီးနဲ့ပဲ မုန့်မျိုးစုံလုပ်မလား။ Automation လုပ်ရင်တော့ စက်တစ်ခုကို မုန့်တစ်မျိုးတည်းကိုပဲ အင်တိုက်အားတိုက်ထုတ်လို့ရမှာ။ လူတော့သိပ်မသုံးရဘူး။ အဲဒီလို Automation နဲ့ မုန့်တွေ ထုတ်ပြီးရင် ကျွန်တော်တို့က မကုန်ကု​အောင်သုံးရတော့မှာ။ နောက်တစ်ခုကလည်း ဒီ မုန့် ဒီမုန့်ပဲဆို စားသုံးသူက ကြာရင်အီလာလိမ့်မယ်။ အဲဒီတော့ ကျွန်တော်က မဖြစ်ဘူး အများလည်းအလုပ်ရနိုင်တယ်။ တို့လည်းပဲသည်းခံပြီး ဝန်ထမ်းတွေနဲ့ညှိနှိုင်းလုပ်ဆောင်ပြီး စားသုံးသူ ​တွေ အမျိုးမျိုးစားနိုင်အောင် ထုတ်လုပ်မယ်ဆိုတဲ့ ဦးတည်ချက်ကလေးလည်းပါတယ်။ တတ်နိုင်သမျှ မုန့်ကလေးတွေကို အ သစ်တွေထွက်အောင်လုပ်တယ်။ ဝန်ထမ်းတွေကိုလည်း မကြာမ ကြာမုန့်သင်တန်းတက်ဖို့ ပြည်ပ ခရီးစဉ်တွေလွှတ်တယ်။ ပြည် တွင်းမှာလည်း သင်ယူလေ့လာတာပါပဲ။ ကိုယ့်လုပ်ငန်းနေရာတွေ မှာလည်း နိုင်ငံခြားသားမုန့်ဆရာ​တွေ ​ခေါ်ပြီးသင်တန်းတွေပေး အဲဒီလိုမျိုးတွေပေါ့။ အခုလည်းပဲ နှစ်ဦး၊ သုံးဦး ပြည်ပက ပြန်လာတာမကြာသေးဘူး။ အခုသူတို့မုန့်တွေကို ဒီနဲ့ကိုက်ညီမယ့်ပုံစံထုတ်နိုင်အောင် စမ်းသပ်နေတယ်။

မုန့်ရဲ့ Product Range က ဘယ်လောက်ရှိလဲ။

ကျွန်တော်တို့လုပ်နိုင်တာက အမျိုးအစားနှစ်ရာ၊ သုံးရာပေါ့။ အခုထုတ်နေတာက မုန့်အမျိုး အစားတစ်ရာကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရဲ့အဓိကတော့ ကိတ်၊ ​ပေါင်မုန့်၊ ကွတ်ကီးနဲ့ Pastry ပါ။ အဲဒီလေးခုပေါ်မှာဖြာပြီးထွက်နေတာပေါ့။ မုန့်က ကုန်စိမ်းတွေလိုပါပဲ။ ဟို ဖြန့်ဒီဖြန့် လျှောက်ဖြန့်လို့ မသင့်တော်ဘူး။ မုန့်ခြောက်ကတော့ပြဿနာမရှိလှဘူး။ အဲဒီတော့ ကျွန်တော်တို့က ရွှေပုစွန်ဆိုင်တွေကို ကျွန်တော်တို့နိုင်သလောက်ပဲ နေပြည်တော်မှာတစ်ဆိုင်၊ ရန်ကုန်မှာနှစ်ဆိုင်၊ နောက်နှစ်ဆိုရင် ရန်ကုန်မှာပဲ ဆရာစံလမ်းပေါ်မှာ တစ်ဆိုင်ထပ်တိုးဖို့ရှိပါတယ်။ ကျွန်တော်လုပ် နိုင်တဲ့အချိန်ကာလအတွင်းမှာပဲ ငါးဆိုင်၊ ခြောက်ဆိုင်လောက်အပြင် ကျွန်တော်မတိုးချင်ဘူး။ ဘာလို့လဲဆိုတော့ အရည်အသွေး ထိန်းတဲ့သဘောပါ။

Business Model အသစ်ကိုမစဉ်းစားခင် လက်ရှိအခုလောက်ထိ စခဲ့တာနဲ့လုပ်ရတဲ့လုပ်ငန်း အထူးသဖြင့် မုန့်လုပ်ငန်းရော၊ စိုက်ပျိုးရေးရော၊ ကော်ဖီရောပါနေ ​တော့ စီးပွားရေးလုပ်ငန်းရှင်တစ် ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။

အဓိကက များ ​သောအားဖြင့် ကျွန်တော့်ကိုမေးကြတာက ကိုယ့်ပြိုင်ဘက်တွေနဲ့ ဘယ်လို စိန်ခေါ်မှုတွေရှိလဲ စသဖြင့်ပေါ့။ ကျွန်တော်တို့မိဘများကလည်း ငယ်ငယ်ကတည်းက ဘာသာရေးအသိုင်းအဝိုင်းမှာ ကြီးလာစေခဲ့တဲ့အခါကျတော့ ကျွန်တော့်မှာယှဉ် ပြိုင်ရမယ့်ပြိုင် ဘက် ဆိုတာမျိုးမထားပါဘူး။ ကျွန်တော်က လုပ်ငန်းတူတွေလို့ပဲသဘောထားပါတယ်။ ပြိုင်နေရတာက ကျွန်တော့်ကိုယ်ကျွန်တော် ပြိုင်နေရတာပါ။ ဒီနေ့က မနေ့ကထက်ပိုတိုးတက်လာသလား၊ ဆုတ်ယုတ်လာသလား၊ ဒါပဲကိုယ့်ဘာသာကိုယ် သုံးသပ်နေရတဲ့ သဘောပဲရှိပါတယ်။ အဓိကတော့ ပတ်ဝန်းကျင်ကတော့ ပြောင်းလဲမှုတွေ၊ ခက်ခဲမှုတွေအမျိုးမျိုးရှိမှာပါပဲ။ ရှိတော့ အဲဒီကြား ထဲမှာ ကိုယ့်ဘာသာကိုယ်ဘယ်လိုဖြစ်အောင်လုပ်မလဲ။ ဒါလေးတွေကို ဉာဏ်လွှာသုံးပြီး စဉ်းစားရတာပေါ့။ ဒီလိုပါ ပတ်ဝန်းကျင်က လုပ်ငန်းတူလုပ်လာတဲ့သူတွေများတယ်ဆိုရင် အများသဘောက ဒါ ယှဉ်ပြိုင်တဲ့သူများတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကကိုယ့်ဘာသာ ကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ တည်တည် တံ့တံ့လုပ်တယ်။ စားသုံး​ပေါ်မှာ မခိုမကပ်ဘူး၊ အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်။ ကိုယ့် အရည် အသွေးကို စားသုံးသူအမြဲကောင်းကောင်း စားရပါစေ တော့လို့စဉ်းစားနေတော့ သူ့ဘာသာသူအခု ထက်ထိအဆင်ပြေနေ တာပါပဲ။

ပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ဟိုတ ​လောက အခွန်တံဆိပ်ခေါင်းလို တခြားအခက် အခဲတွေရှိလား

အဲဒီအခက်အခဲရှိလားဆိုတော့ ကျွန် ​တော်တို့ကတော့ အစိုးရသတ်မှတ်ထားတဲ့မူအတိုင်းပဲ တံဆိပ် ခေါင်းတွေကပ်ပေးလိုက်ပါတယ်။ တစ်ခုရှိတာက ဆရာရယ်၊ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်​ ​ငွေတစ်ရာရတယ်၊ အစိုးရကို (၂၀) ပေးရမယ်။ အစိတ်ပေးရမယ်။ သေချာလို့ဆိုရင် ကျွန်တော်ပေးချင်ပါတယ်။ ဒါပေမဲ့ ပေးချင်ပေမဲ့ တချို့ကျတော့ ကျွန် ​တော်တို့တစ်ရာရပါတယ်ဆိုတာကို မယုံကြည်ဘူး။ ခင်ဗျားတို့က မကပါဘူးဆိုရင် ကျွန်တော်တို့က အဲဒီမှာခက်ပြီ။ တတ်နိုင်ရင် ကျွန်တော်တို့ကအလုပ်လုပ်ရင် ရှင်းနေချင်တာ။ ပွင့်လင်းမြင်သာမှုနဲ့ ကျွန်တော်တို့ကလုပ်ချင်တာ။ အဲဒီလို ယုံကြည်ပေးနိုင်တဲ့အ ​နေအထားရှိရင် တော်တော်ကောင်းမှာ။ ကျွန်တော်တို့ကတော့ အစိုးရက အခွန်တံဆိပ် ဒီလိုကပ်ပါဆိုကပ်လိုက်တာပါပဲ။ စားသုံးသူကလည်း မြင်နိုင်ပါတယ်။ တစ်ခါတလေ ကျရင် စားသုံးသူက ​ကောင်တာမှာ တအားတိုးဝှေ့နေရလို့ တခါတရံမှာ တံဆိပ်ခေါင်းကပ်ဖို့ လွတ်သွားကောင်းလွတ်သွားနိုင်တယ်။ သက်သက်မဲ့ လူတွေများလို့ဆိုတဲ့ အခွင့်အရေးကိုမယူကြပါဘူး။ ကျွန်တော်တို့က CCTV နဲ့ အမြဲ Check လုပ်နေတော့ ဝန်ထမ်းတွေကလည်း မဟုတ်တာ​တွေမလုပ်ကြပါဘူး။ သတ်မှတ်ထားတဲ့အတိုင်း အကုန်ကပ်ပါလို့ပြောထာ​တော့ ကျွန်တော်တို့ အတွက် ပြဿနာမရှိပါဘူး။

အဲဒီတော့ ဒေါက်တာတင့်စိုးလင်းကို စဉ်းစားစေချင်တာက ကိုယ့် ပြိုင်ဘက်လို့မယူဆဘူး၊ ကိုယ်နဲ့ အကျိုးတူလုပ်ငန်းလို့ ယူဆတယ်ဆိုရင် မြန်မာပြည်မှာ ရွှေပုစွန်လို ​အောင်မြင်တဲ့လုပ်ငန်းတွေပိုပြီး ကြီး ထွားလာအောင် ဘယ်လိုပံ့ပိုးမှုတွေ လိုမယ်လို့ထင်လဲ။

ကျွန်တော်စောစောကပြောသလိုပါပဲ။ ပစ္စည်းတစ်ခု ​ကောင်းဖို့ဆိုတာ ကုန်ကြမ်းတွေကောင်း ဖို့ လည်းလိုတာပေါ့။ ကုန်ကြမ်းကောင်းဖို့လိုတယ်ဆိုတော့ ကုန် ကြမ်းကောင်းတာတွေချည်း စုပြုံသုံး​တော့ အခြေခံကတော့ ကောင်းဖို့များတယ်။ ဒါပေမဲ့ အကောင်း​တွေချည်းသုံးရင် ရာနှုန်းပြည့် ​ကောင်းမယ်လို့တော့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ငါး သိုင်းများ ဟင်းဟုန်ဆိုသလိုကိုး။ နောက်တစ်ခုက ထမင်းဝိုင်းမှာ ကြက်သားဟင်း၊ ငါးဟင်းရှိပေမဲ့ ဘာပဲပြောပြော ငါးပိရည်လေးကပါချင်သေးတာကိုး၊ ဒီလိုမျိုးပေါ့။ အဲဒီတော့ ကျွန်တော်တို့ကအသုံးပြုချင်တဲ့ Raw Material ကို လိုချင်တဲ့အချိန်၊ လိုအပ်တဲ့ အချိန် Consistent ဖြစ်ပြီး အရည်အသွေးကောင်းကောင်းနဲ့ရဖို့ အရေးကြီးတယ်။

များ ​သောအားဖြင့် Import လား။

ကျွန်တော်တို့က ဂျုံဆိုရင် ပြည်တွင်းကဂျုံကိုပဲသုံးပါတယ်။ Import ဆိုရင် ထောပတ် Margarine ကိုသုံးရတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကော်ဖီစိုက်တယ်ဆိုတာ အဲဒါပါပဲ။ ကော်ဖီမစ်လုပ်တဲ့ သူ ​တွေက သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ ကျွန်တော့်ကိုလာလာ ​မေးကြတယ်။ တစ်ခါတလေကျရင် ကျွန်တော်က ရိုးရိုးလေးစဉ်းစားတာပါ၊ ဒီပြင်ဟာ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်စိုက်တဲ့သဘာဝကျတဲ့ ပစ္စည်းတစ်ခုကို ကျွန်တော့်အနေနဲ့အကောင်းဆုံး ဖြစ်အောင် အပင်ပန်းခံစိုက်ထားတယ်၊ မိမိအနေနဲ့ အကောင်းဆုံးလို့ယူဆထားတာကို ကျွန်တော့်တိုင်းပြည်ထဲမှာ ကျွန်တော့်စားသုံးသူလက်ထဲကို အရင်ဆုံးရောက်စေချင်တယ်။ အဲဒီလို ​ရောက်ပြီးခါကျ ကိုယ့်တိုင်းပြည်ထဲကလူတွေ စားသုံးပြီးမှ သ ​ဘောကျလာ နှစ်သက်လာပြီဆိုရင်တော့ ဒီတိုင်းပြည်ထဲကသူ ​တွေက ပြည်ပကိုသယ်ဆောင် သွားတာရှိမယ်၊ ပြည်ပက ဒီနိုင်ငံသားရော၊ နိုင်ငံခြားသားပါ ပြည်တွင်းကိုလာတာရှိမယ်။ သူတို့တွေ အားလုံး ကိုယ့်ပြည်တွင်းကထုတ်လုပ်တဲ့ နာမည်ရ ပစ္စည်းကိုအားပေးကြမှာပါပဲ။ အဲဒီကတစ်ဆင့် ကျယ်ပြန့်လာမှာပါပဲ။ ကြော်ငြာကောင်းလို့ လူသိများတာနဲ့၊ ပစ္စည်း ကောင်းလို့လူသိများလာတဲ့ လေးနက်မှုချင်းကတော့တစ်မျိုးစီပေါ့။ ဈေးကွက်ဆိုတာ သူ့ဘာသာသူပေါ်လာမှာပါပဲ။ အဓိကက ကိုယ်က​ကောင်း ​အောင်လုပ်ထားဖို့ လိုအပ်ပါတယ်။ စောစောကဆရာပြောတဲ့ ဘယ်လိုပံ့ပိုးမှုတွေလိုလဲဆိုတာ ထုတ်လုပ်သူကလည်း သင့်တင့်​​လျောက်ပတ်တဲ့ကျိုးအမြတ်ရှိဖို့လိုတယ်။ အဲဒီလိုအကျိုးအမြတ်ရှိဖို့ အခွန်တွေဘာတွေဆောင် တဲ့နေရာမှာလည်း အစိုးရဘက်ကမှန်မှန်ကန်ကန်နဲ့ သင့်တင့် လျောက်ပတ်တဲ့အတိုင်းအတာတစ်ခုလည်း သတ်မှတ်ဖို့လိုတာပေါ့။ နောက် တစ်ခုကလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလိုအပ်တယ်။ အဲဒါဆိုရင် ပံ့ပိုးမှုကအစိုးရဘက်က Raw Material လုပ်မယ့်သူကို ပံ့ပိုးမှုပဲဖြစ်ဖြစ်၊ ပြည်တွင်းကထုတ်လုပ်တဲ့သူတွေကိုလည်းပဲ တစ်နည်းမဟုတ်တစ် နည်းအားပေးလို့ဖြစ်ဖြစ်ပေါ့။ ဆရာရယ် ပြီးခဲ့တဲ့ကိစ္စပါ ​လေးငါးနှစ်လောက်ရှိပြီ။ ဥပမာဆိုပါတော့ အစိုးရကကြက်သွန်တွေရှားလို့၊ ကျွန်တော်တို့ကော်ဖီစိုက်နေတဲ့သူကို ကြက်သွန်နှစ်ဧကစိုက်ရမယ်ဆိုပြီး တာဝန်ပေးပါတယ်။ စိုက်ခိုင်းတဲ့အချိန်မှာ ကြက်သွန်ကမျိုးမရှိတဲ့အချိန်ဆိုတော့ ရေနံချောင်းကနေ မျိုးကိုအတင်းဝယ်တာ သိန်း (၅၀) ဖိုးလောက်ရှိမယ်။ အဲဒီမှာစိုက်တဲ့သူတွေ လည်းခေါ်၊ စိုက်တဲ့အချိန်မှာ ကျွန်တော်ထင်တယ် ကြက်သွန် တစ်ပိဿာက ဈေးကတက်သွားလို့ခြောက်ရာ၊ ခုနစ်ရာလောက်ရှိ တယ်ထင်တယ်။ ကျွန်တော်စိုက်ပြီး ထွက်လာတဲ့အခါကျတော့ အကုန်ပြုံထွက်တော့ ဈေးကကျသွားတယ်။ ကျွန်တော် ရင်းနှီးခဲ့ရတဲ့အရင်းတောင် မနည်းပြန်ရဖို့ကြိုးစားရတယ်။ မျိုးဖိုးက သိန်း ​(၅၀)၊ ပြန်ရတော့ (၄၅) သိန်း။ (၄၅) သိန်းက ပြန် ​ရောင်းလို့ရတဲ့ ​ငွေမဟုတ်ပါဘူး။ ရတဲ့ပိဿာချိန်ကို ပေါက်ဈေးနဲ့ ​မြှောက်ထားတာပါ။ တကယ်တော့ ကျွန်တော့မှာဝန်ထမ်းအင်အားများလို့ ချက်ကျွေးတဲ့အထဲထည့်လိုက်ရတာပါ။ ကိုယ်ပြ​န်​ ​ရောင်းရင် ဒီထက်တောင်ငွေအရနည်းနိုင်ပါတယ်။ အမှန်တော့ အဲဒီလိုနေရာမျိုးက အစိုးရက တာဝန်ယူပြီးလုပ်ခိုင်းတယ်ဆိုရင် ကျွန်တော်သိသလောက် ပြည်ပတွေမှာအစိုးရက စိုက်ပျိုးတဲ့သူ ​တွေ မထိခိုက်မနစ်နာအောင် ပြန်ဝယ်ယူပေးတာတို့လုပ်ပေး တယ်။ ကျွန်တော်ကခံသာတယ်ထားဦး ကျွန်တော်စိတ်မကောင်းတာက ကျွန်တော့်ဝန်းကျင်မှာရှိတဲ့ ​တောင်သူလယ်သမားတွေက မခံနိုင်ဘူး။ အဲဒါမျိုးလေးတွေ တာဝန်ယူပေးစေချင်တယ်။ ​နောက်ပိုင်းတွေတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဖြစ်ခဲ့တာကို ကျွန်တော်ပြောပြတာပါ။

အဆုံးသတ်အနေနဲ့ အနာဂတ်ကိစ္စကို ဘယ်လိုစဉ်းစားထားလဲ။ အခုစီးပွားရေးအနေနဲ့ပြောရင် Franchise ဖွင့်တာတို့၊ ဒါမှမဟုတ် ရွှေပုစွန်ကို စင်ကာပူလောက်မှာသွားဖွင့်ဖို့ အစရှိသဖြင့် ​ပေါ့။ ဒီ အနာဂတ်အိပ်မက်တွေ နည်းနည်းဆွေးနွေးပေးပါ။

ကျွန်တော်တို့က တစ်နေ့ တစ်နေ့လုပ်ရင်းနဲ့ ကျွန်တော်တင်မဟုတ်ဘူး၊ ကျွန်တော်တစ် ​ယောက်တည်း ယုံကြည်နေလို့မရဘူး။ ကျွန်တော့်ရဲ့လုပ်ဖော် ကိုင်ဖက်မန်နေဂျာတွေ၊ ဝန်ထမ်းတွေ အကုန်လုံးကလည်း မျက် မြင်ကိုယ်တွေ့ သူတို့ပစ္စည်းပေါ်မှာ စားသုံးသူကတကယ်အားပေးလာတယ်၊ ယုံကြည်လာတယ်ဆိုတော့ အလိုလိုနေရင်းအားရလာတယ်။ အားရလာတော့ သူတို့ကိုယ်တိုင်က ပြောလာတယ်။ ထားပါတော့ ပြည်ပဆိုတဲ့အခြေအနေ ခဏထားဦး၊ ပြည်တွင်းဆိုရင် ဟိုနားမှာဖွင့်ရင်ကောင်းမယ်၊ ဒီနားမှာဖွင့်ရင် ကောင်းမယ်။ ဘာပဲပြောပြော သူတို့ဘာသာသူတို့ ဖြစ်လာတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ကော်ဖီကိုအစေ့ရောင်းတာ နဲ့ လှော် ​ရောင်းတာနဲ့ ဖျော်ရောင်းတာနဲ့ သူတို့ဘာသာသူတို့ အကုန် သိလာကြတယ်။ Value Added ဘယ်လိုဖြစ်လာ တာလဲဆိုတာသိတော့ သူတို့ကလုပ်ချင်လာတာ၊ ရပ်စောက်က စိုက်ပျိုးရေးမန်နေဂျာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းစလုပ်တော့ ခြံကအရင်းအနှီး ထည့်နေရတာပဲရှိတယ်၊ ဘာမှအကျိုးအမြတ် မရှိ ​သေးတော့ ပွဲရုံဖွင့်ချင်လို့ မြို့မှာအခန်းငှားတယ်။ သူကဒေသ ထွက်ကုန် ​ပြောင်း ၊ ပန်း ၊ နှမ်း စသဖြင့် အသီးအနှံတွေ ​ကောက်မယ်ပေါ့၊ သူတို့ဘာသာ သူတို့မြင်တာ။ ကျွန်တော်က သူတို့ကိုပြောရတယ်၊ အလုပ်မှန်သမျ သူများအတွက်မချန်ဘဲ အကုန်လက်ဝါးကြီးအုပ်မလို့လား။ အဲဒီလိုမလုပ်နဲ့၊ ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်းချမ်းသာချင်လို့မရဘူး။ ပတ်ဝန်းကျင်ဒေသခံ​တွေလည်း ချမ်းသာမှ ရေရှည်မှာအလုပ် လုပ်လို့ကောင်းမှာဆို ပြီးသတိပေးရတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်က သြစတြေးလျကလူငယ်လေးတွေ သူတို့လည်း သြစတြေးလျမှာရွှေပုစွန် ဆိုင် ဖွင့်ချင်တယ်လို့ လာပြောတယ်။ ထိုင်းတို့၊ စင်ကာပူတို့ကလည်း ဖွင့်ချင်တယ်လို့လာပြောတယ်။ ကျွန်တော်တို့လည်း ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ထားတယ်ဆိုတာက ကျွန်တော် တို့ဘက်က အရင်သေချာအောင် လုပ်နေတယ်။ ကျွန်တော်တို့အရည်အသွေးကို Consistent ဖြစ်အောင် လုပ်နေ တယ်။ ဥပမာဆိုပါတော့ သရက်သီး၊ စိန်တစ်လုံးသရက်ဆိုရင် ကျွန်တော်တို့ဆီကအားပေးတဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာပြည်မှာက တစ်နှစ်ကဆိုရင် ပိုးကတော် ​တော်ကျတယ်။ တတ်နိုင်သမျ ကျွန်တော်တို့သန့်အောင်ထား တယ်၊ ဒါပေမဲ့ အဲဒီပိုးရဲ့သဘာဝက သရက်သီးအလုံးကို ကြည့်လိုက်ရင် အလုံးကချောနေတာပဲ။ ဘာပိုးပေါက်မှမရှိဘူး။ ဒါပေမဲ့ အဲဒီပိုးက မှည့်တဲ့အနံ့ထွက်လာပြီဆိုရင် အထဲကနေအပြင်ကို ထွက်လာတာ၊ လှီးကြည့်ရင် အထဲမှာပိုးကရှိနေပြီ။ ဘယ်အချိန် ကတည်းကဝင်နေမှန်းမသိဘူး။ ကျွန်တော်တို့ထုတ်လုပ်တဲ့ နိုင်ငံ ခြားကိုပို့တဲ့ပစ္စည်းက ကျွန်တော်တို့ ဘက်က ရာနှုန်းပြည့်​ Defect ချို့ယွင်းချက်မရှိစေချင်ဘူး။ ရှိလို့ဆို ရင် ရွှေပုစွန်က နာမည်ပျက်မှာထက်၊ မြန်မာပြည်ကသရက်သီးဆိုရင် အများလည်းထိခိုက်မှာပဲ။ အဲဒီတော့ ကျွန်တော်တို့က ရည်ရွယ်ချက်ရှိပါတယ်။ ပထမဆုံးအဆင့်ကတော့ ကိုယ့်ပြည် တွင်းမှာ ကိုယ် ခိုင်မာပြီလား၊ ခိုင်မာပြီဆိုရင် ပြည်ပကလက်ခံ ရင် ဘာလို့မသွားနိုင်ရမှာလဲ။ သူများတွေတိုင်းပြည်ကတောင် နိုင်ငံပေါင်းစုံလိုက်ဖွင့်နေသေးတာပဲ၊ အခုဆိုရင် ကျွန်တော်တို့ Breakfast Corner (နံနက်စောစာ အရောင်းဆိုင်) လေးလုပ်ထားတယ်။ အစပျိုးပေါ့၊ ကိုယ့်မိသားစု မောင်နှမတွေရော ဝန်ထမ်းတွေကိုပါ အချိုမှုန့်မသုံးရဘူးလို့မှာထားတယ်။ အချိုမှုန့်မထည့်ဘဲနဲ့ တို့မြန်မာအစားအစာကို အရသာရှိအောင် လုပ်နိုင်တယ်ဆိုတာကိုပြချင်တာ။ ကျွန် ​တော်တို့တွေမှာက အလေ့အကျင့်ဖြစ်နေတာက ဆီများများသုံး ချင်တယ်။ နိုင်ငံခြားက လူတွေက အဲဒီဆီကိုကြောက်တယ်။ အဲဒါကို ကျွန်တော်ကသတိထားထားပြီး အစားအသောက်လုပ်တဲ့ ဝန်ထမ်းတွေကို ကျန်းမာရေး အသိပညာပေးနေရတာပေါ့။ ဆီမများဘဲနဲ့ပေါ့။ တစ်ချိန်ကျရင် တတ်နိုင်ရင် ကျွန်တော်ကပန်းခြံထဲမှာ ခေတ်မီလှပတဲ့ မြန်မာထမင်းဆိုင်ကိုဖွင့်ပေးချင်တယ်။ အဲဒီလိုမျိုးလေးတွေပေါ့။ တစ်ခါက နိုင်ငံခြားသားတွေ၊ သံရုံးကအဖွဲ့အ စည်းတွေ၊ အာဆီယံအဖွဲ့တွေလာကြည့်တဲ့အခါ ကျွန်တော့်မုန့့််စက်ရုံကိုကြည့်ပြီး ဟာ မြန်မာပြည်မှာ ဒီလိုစက်မျိုးတွေရှိလားလို့ မေးတယ်။ များသောအားဖြင့် ကျွန်တော် ကလည်း ကြော်ငြာတာဝါသနာသိပ်မပါဘူး၊ ကိုယ့်အလုပ်ကိုကောင်း​အောင်လုပ်မယ်ဆိုတဲ့ ဦးတည်ချက်ကပိုသန်တော့ အပြင်လူတွေက သိပ်မသိကြဘူး။ ကျွန်တော်တို့က မုန့်တွေလုပ်ပြ၊ ပန်းတွေဆွဲပြ Decorate တွေလုပ်ပြဆိုတော့ သူတို့ကတအားသဘောကျတာ၊ မြန်မာပြည်မှာဒီလိုအဆင့်အတန်းရှိတာ အံ့သြ ​နေတယ်။ သူတို့စိတ်ထဲမှာ မြန်မာပြည်က Product တွေက ဘယ်လိုလုပ်နေလဲလို့ ​အောက်မေ့နေလဲမသိဘူး။ အဲဒီတုန်းကနောက်ကပါလာတဲ့ မြန်မာပြည်ကနိုင်ငံခြားရေးရုံးဝန်ထမ်း​တွေက ဂုဏ်ရှိလိုက်တာ၊ ဂုဏ်ရှိလိုက်တာနဲ့ ထခုန်တာ။ ကျွန်တော့်စိတ်ထဲမှာခံယူထားတာက မြန်မာလူမျိုးက အရည်အချင်းရှိတယ်။ မြန်မာ့ Product တွေလည်းပဲ ကမ္ဘာပေါ်မှာတိုးနိုင်ရ မယ်။ နှစ်လိုဖွယ် ကောင်းတယ်ဆိုတာပြချင်တယ်။ ဒီနေရာမှာ ဖခင်ကြီးဆုံးမခဲ့တဲ့စကားလေးတစ်ခုပေါ့။ အမြဲ ခေါင်းထဲထည့်ထားတယ်။ သားအလုပ်လုပ်တဲ့နေရာမှာ 'ဦးဖို့မလိုဘူး၊ ထူးဖို့လိုတယ်' တဲ့။ ကျွန်တော်တို့မုန့်လုပ်တယ်၊ အအေး ဆိုင်လုပ်တယ်ဆိုတာ ကျွန်တော်တို့ရှေ့မှာ လုပ်တဲ့သူတွေအများကြီးပဲ။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အခါကျရင် ထူးခြားအောင်ဆိုတာ ကျွန်တော် သဘောပေါက်တာ စားသုံးသူအပေါ်မှာ ထူးခြားတဲ့ စေတနာ၊ ထူးခြားတဲ့မေတ္တာနဲ့ နောက်တစ်ခုက Food Safety ၊ Food Hygiene တွေပါ။ ကျေးဇူးတင်ဖို့ ကောင်းတာက လက်ဦးဆရာမိဘတွေကအစ ငယ်ဆရာတွေနဲ့ ကျွန်တော့်ကို ​ဆေးပညာသင်ပေးခဲ့တဲ့ ဆရာများ၊ ယုံကြည်မှုတွေနဲ့ ဝယ်ယူစားသုံးသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးဖြစ်ပါတယ်။ ​ဆေးပညာသင်ခဲ့တုန်းက Occupational Health မှာသင်ကြားလေ့လာခဲ့ရသလို လုပ်ငန်းခွင်မှာ သန့်ရှင်​အောင်၊ သပ်ရပ်အောင်၊ အန္တရာယ်ကင်း ​အောင်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်ယူဆတာက ပစ္စုပ္ပန် တည့်တည့်မှာလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ရင်တော့ တစ်ချိန်အနာဂတ်မှာ နေရာတွေရလာလိမ့်မယ်လို့ယူဆပါတယ်ဆရာ။ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်းရှိပါတယ်။ စောစောကပြောသလို ပြည်ပတိုင်းပြည်တွေမှာ ကိုယ့် Product တွေကိုအားပေးလိမ့်မယ်လို့ယူဆတယ်။ တစ်ချိန်ကျရင်ရောက်ရှိနိုင်အောင် ကျွန် ​တော်တို့ကြိုးစားနေပါမယ်။

အခုလိုအချိန်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။


Credit >> Myanmar B2B management magazine

Wednesday, July 20, 2016

Facebook account အပြီးအပိုင်​ဖျက်​သိမ်းနည်း

မိမိ Facebook account ကို အပြီးအပိုင်​ ဖျက်​သိမ်းချင်​တယ်​ဆိုရင်​ ...


မသိ​သေးသူများအတွက်​ ရည်​ရွယ်​ပါတယ်​...ပုံ​တွေထဲကအတိုင်း လုပ်​ကြည့်​ပါ ...
Learning

စိတ်​​ပြောင်းသွားလို့ Account ​လေးပြန်​ရချင်​တယ်​ဆိုရင် ...

သတိထားရမှာက ဖျက်​ပြီး (၁၄)ရက်​အတွင်းမှာပဲ ပြန်​ဝင်​လို့ရပါတယ်​ ။ (၁၄)ရက်​​ကျော်​သွားရင်​​တော့ အပြီးပိုင်​ ဖျက်​သိမ်းပြီးသွားမှာပါ ...

ခက်​​တော့ မခက်​ပါဘူးဗျာ ... မလုပ်​တက်​တဲ့သူအတွက်​​တော့ အ​ထောက်​အကူဖြစ်​မှာပါ ...


Friday, July 8, 2016

What is HTML

ကဲ့ အခြေခံ ၇ှုင်းပြမယ်နော် ၊၊၊၊၊HTML ဆိုတာဘာလဲ?
HTML ဆိုတာ Hyper Text Markup Languageရဲ့  အတိုကောက်စာလုံးဖြစ်ပြီး Web Siteရေးရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ Programming Languageတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ HTML ကိုဟBrowserကဖတ်ပြီး Userဆီကို Text (စာသားတွေ),Image(ပုံတွေ),Table(ဇယားတွေ(စသည်)အဖြစ်ဘာသာပြန်ပေးပါတယ်။  ရေးပုံရေးနည်းကို အောက်မှာကြည့်ပါ
HTML ရေးနည်း => 1
HTML Basic Form or Frame HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frameကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frameတည်ဆောက်ပုံကို တဆင့်စီရှင်းပြပါမယ်

ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကိုHTML ကိုဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေတကတော့ <!DOCTYPE html> ပါ၊
 <!DOCTYPE html> သင်္ကေတကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucmentအမျိုးအစားလဲဆိုတာကို သိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊
ဒုတိယ အဆင့်*
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက် HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိပါတယ်။
<!DOCTYPE html>

<html>       something     </html>

အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊
အပိတ်မှာforwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)<html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို <html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML ဖိုင်ဖြစ်ပါတယ်လို့အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့  </html> အပိတ်တို့ကြားမှာရေးရမယ်၊
*တတိယ အဆင့်*
ဒီအဆင့်မှာတော့HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊ ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုယ်စားပြု HTML tags က
အဖွင့်<head> နဲ့
အပိတ် </head> တို့ပါ၊
သူတို့ကို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရတယ်
<!DOCTYPE html>
<html>
<head></head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှတ်မယ့် HTML tags တွေဖြစ်တဲ့
အဖွင့်<head> နဲ့
အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့ သာလျှင်မက အခြားမည်သည့် HTML Tags တွေကိုမဆို
<html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရမယ်၊
*စတုတ္ထအဆင့်*
ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့ မတူပါဘူး၊ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့
အဖွင့်<title> နဲ့
အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags တွေကိုတော့ ခေါင်းကြီးပိုင်း Tagsတွေဖြစ်တဲ့ <html> နဲ့ </html> တို့ရဲ့ ကြားမှာထည့်ရပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web page </title>
</head>
</html>
အထက်က ကုတ်မှာ ခေါင်းစဉ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags တွေဖြစ်တဲ့ <title> နဲ့ </title> ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ Element ကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့
<head> နဲ့ <head> တို့ရဲ့ ကြားမှာ ထားကိုထားရမယ်၊
*ပဉ္စမ အဆင့်*
ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊ သင်မြင်တွေ့နေရတဲ့ဝက်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းကနေ
လာပါတယ်၊ သူ့ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tagsကတော့ အဖွင့်<body> နဲ့
အပိတ် </body> တို့ပါ၊ သူတို့ကိုတော့ ခေါင်းကြီးပိုင်းTagရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့ အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>

အထက်က HTML ဖိုင်မှာ <body> နဲ့ </body>တို့ကို ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head> ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့်ဝက်ဆိုက်ရဲ့စာမျက်နှာမှာ ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို Paragraphစာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊

<!DOCTYPE html>
<html>
<head>
<title>My Frist HTML Program  </title>
</head>
<body>
<p> Hello EveryBody! This is my First Program </p>
</body>
</html>
ကဲ့ အခြေခံလေး ရေးကည့်ကြဗျာ၊၊၊၊ဆရာတော့ မဟုတ်ပါဘူး သင်ထားတာလေး ပြန်ပြောပြတာပါ

Credit.
HTML ဆိုတာဘာလဲ?
************************************************
HTML ဆိုတာကို အရှည်ပြောရရင်တော့ Hyper Text Markup Language လို့ပြောရပါလိမ့်မယ်။ ဟိုလူကပြော ဒီလူကပြော ပြောပြောနေကြမယ့် HTML ဆိုတာဟာ ကျွန်တော်တို့ ဘယ်အချိန်ကြည့်ကြည့် ဘယ် website ကိုကြည့်ကြည့် မြင်ရသမျှကို web browser ကပြနိုင်ဖို့ အတွက် အဓိကလိုတဲ့ file တစ်ခု (သို့မဟုတ်) text file တစ်ခုပါပဲ။
အခုအချိန်မှာ XHTML ဆိုတဲ့ standard မှီတဲ့ HTML language သာ သုံးတော့ပေမယ့် အဲ့ဒီ့ XHTML ကိုလည်း အများအားဖြင့် HTML လို့သာခေါ်ကြပါတယ်။
ဘာကွာလည်းတော့ ခေါင်းနောက်သွားမှာ စိုးတဲ့အတွက် နောက်မှပဲ ရှင်းပြပါတော့မယ်။ လိုရာကိုပဲပြောပြီး HTML ဘယ်ကစလဲ? ဘယ်သူထွင်လဲ? ဘယ်တုန်းကလဲ? စတဲ့ သမိုင်းသင်ခန်းစာတွေ ကိုကျော်လိုက်ရအောင်။
HTML ဘယ်လိုရေးမလဲ?
လွယ်ပါတယ်။ Notepad နဲ့ ရေးပါတယ်။ တကယ်လို့ notepad နဲ့ တဖြည်းဖြည်း html ကို နားလည်လာပြီဆိုရင် web development အတွက်သုံးနိုင်တဲ့ IDE တစ်ခုခုကို ပြောင်းသုံးပြီး ဆက်ရေးနိုင်ပါတယ်။
HTML မှာ Tag တွေကို သုံးပြီး mark up လုပ်ပါတယ်။ Tag အမျိုးအစားပေါ်မူတည်ပြီး ဘာပြပေးရမယ်ဆိုတာကို web browser က ကြည့်ပြီး ပြပေးပါတယ်။
ဥပမာ <a> ဆိုတဲ့ Tag မျိုးကိုတွေ့ရင် anchor သို့ link ပြပေးရမယ်၊ <p>...</p> ဆိုတဲ့ tag မျိုးကိုတွေ့ရင် ကြားထဲမှာရှိတဲ့ စာကို paragraph တစ်ခုအနေနဲ့ ပြပေးရမယ်ပေါ့။
HTML tag တွေမှာ characteristic လေး တချို့ ရှိပါတယ်။ သူတို့တွေမှာ
အကြောင်းရှိတယ်
ဆွေမျိုးရှိတယ်
အစနဲ့ အဆုံးရှိတယ်
အကြောင်းရှိတဲ့ HTML tag
HTML tag တွေမှာ သူတို့ကိုယ်ပိုင် အကြောင်းအရာလေးတွေ (Attribute တွေ) ရှိပါတယ်။
ဥပမာ Link တစ်ခုကိုရေးတဲ့ HTML tag တစ်ခုဟာ
<a href="http://mmhan.net" title="Go to mmhan.net">Go to mmhan.net</a> ဆိုရင်
အဲ့ဒီ anchor link ရဲ့ attribute တွေဟာ href နဲ့ title ပါပဲ။
အဲ့ဒီ့ attribute တွေဟာ HTML tag ရဲ့ အလုပ်လုပ်ပုံ၊ display ပြပုံကို သတ်မှတ်ပါတယ်။
ဒီဥပမာမှာ href ဆိုတဲ့ attribute ဟာ ဒီ link ကို click နှိပ်လိုက်ရင် ဘယ်သွားမယ်လို့ ပြောပေးပြီး၊ title ဆိုတဲ့ attribute ဟာ ဒီ link ပေါ်မှာ mouse တင်ထားရင် ဘယ်စာ ပြရမယ် ဆိုတာမျိုးကို သတ်မှတ်ပေးတာပေါ့။
ဆွေမျိုးရှိတဲ့ HTML tag
ဆွေမျိုးရှိတယ်လို့ ဘာလို့ပြောရလဲဆိုတော့ သူတို့တွေဟာ Tree Structure နဲ့ ရှိနေလို့ပါ။ အောက်က code ကို တချက်ကြည့်ကြည့်ပါ။
view plaincopy to clipboardprint?
<div id="foo">
<div id="bar">
<h1>I'm a child of <div id="bar"></h1>
<h2>Me too!!</h2>
</div>
<h3>I'm sibling of <div id="bar"></h3>
</div>

I'm a child of <div id="bar">

ME TOO!!

I'm sibling of <div id="bar">

အဲ့ဒီ့ code မှာတွေ့ရတဲ့ အတိုင်းပဲ၊ <div id="foo"> ဆိုတဲ့ division tag ဟာ တခြား HTML tag တွေနဲ့ယှဉ်ရင် tree structure ရဲ့ အပေါ်ဆုံးမှာရှိနေပြီး၊ သူ့ရဲ့ child တွေ အဖြစ် <div id="bar"> နဲ့ <h3> ဆိုတဲ့ heading-3 tag ရှိပါတယ်။
HTML ကိုရေးပြီဆိုရင် အဲ့ဒီ့လိုပဲ tree structure နဲ့ရေးရပါတယ်။
အစနဲ့ အဆုံးရှိတဲ့ HTML tag
HTML ရေးပြီဆိုရင် အစနဲ့ အဆုံး tag တွေ မရှိမဖြစ် ရှိရပါတယ်။
အပေါ်မှာပြသွားတဲ့ code အရ <div id="foo"> ရဲ့ child တွေကို အုပ်ထားတဲ့ </div> ဟာ သူ့ရဲ့ အဆုံး tag ပါ။
<h1> ရဲ့ အဆုံး tag ဟာ </h1>၊ <h2> ရဲ့ အဆုံး tag ဟာ </h2> ဖြစ်ပြီး <h3> ရဲ့ အဆုံး tag ဟာ </h3>၊  ပါ။
ဒီတော့ အဆုံး tag ကိုရေးချင်ရင် အစ tag ရဲ့ < အပြီးမှာ / ထည့်ရတယ်လို့ တွေ့ပါလိမ့်မယ်။
တစ်ခါတစ်လေမှာတော့ child မရှိတဲ့ HTML tag တွေရှိတတ်ပါတယ်။
ပုံပြတဲ့ <img> tag ဟာ အဲ့ဒီ့ထဲက တစ်ခုပေါ့။
သူ့ကိုရေးတဲ့အခါမှာတော့
<img src="http://somedomain.com/someimage.jpg" width="100" height="100" /> ဆိုပြီး tag ရဲ့ အဆုံး > မတိုင်ခင်မှာ / ကိုထည့်ပြီး အဆုံးသတ် ပေးရပါတယ်။
ကဲ အခုလောက်ဆိုရင်တော့ HTML နဲ့ မေးထူးခေါ်ပြော အဆင့်လောက်ထိ အကျွမ်းတ၀င်ရှိသွားပြီပေါ့… Expert များ အနေနဲ့ ကျွန်တော် လိုတာများရှိခဲ့ရင် comment ထဲမှာ ပြောပေးကြပါလို့…
မသိသေးတဲ့ သူတွေအတွက်ပါ။
Ref:Myanmar Information

Thursday, July 7, 2016

What is android?

Android ဆိုတာဘာလဲ
**
ကျွန်တော် ဒီ ပို့စ်ကို မိတ်ဆက်အနေနဲ့ ရေးပေးတာ ဖြစ်ပါတယ်။ iPhone, Android, Windows Mobile စသည်ဖြင့် အဓိကကျတဲ့ Mobile Development တွေ ရှိကြတဲ့အထဲမှာ အနီးစပ်ဆုံး ဖြစ်တဲ့ Open Source ဖြစ်တဲ့ Android ကို မိတ်ဆက် ပေးချင်ပါတယ်။ tutsplus နဲ့ အခြား ကောင်းနိုးရာရာ Android နဲ့ ဆိုင်တဲ့ ဆိုက်တွေအကုန် လေ့လာပြီး မိတ်ဆက်အနေနဲ့ ရေးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုမှ စလေ့လာမှာ ဖြစ်ပါတယ်။ Mobile Development ကို လေ့လာဖို့ သေချာပေါက်လို အပ်နေတဲ့ အချိန်မှာ ကျွန်တော်ကတော့ Android ကို ရွေးချယ် ဖြစ်ပါတယ်။ ဘာကြောင့် ရွေးဖြစ်ရတာလဲ ဆိုရင် Open Source ဖြစ်နေလို့ပါပဲ။

 what is android What is android
Android ဆိုတာဘာလဲ
Android ဆိုတာ Open Source Mobile Operating System ဖြစ်ပါတယ်။ Open Source Projects တွေ ပေါင်းစပ် တည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ Open Source System လည်း ဖြစ်ပါတယ်။ ဒီတော့ Open Sources တွေရဲ့ ထုံးစံအတိုင်း Developer တွေ အနေနဲ့ Source Code တွေကို Access လုပ်ခွင့်ရှိပါတယ်။ Download ချခွင့်လည်း ရှိပါတယ်။ Mobile Phone မှာ ဘယ်လို Run မယ်ဆိုတာကို ကိုယ့်စက်ထဲမှာ Virtual Mobile Phone အနေနဲ့ ကြည့်လို့ရပါတယ်။ iPhone နဲ့ မတူညီတဲ့ အချက်မှာ အဲဒီအချက်က အဓိက ဖြစ်ပါတယ်။ အဲဒီလို Developer တွေ အနေနဲ့ Source Code တစ်ခုလုံးအပြင် အခြား လိုအပ်တဲ့ Document တွေ၊ Sample Projects တွေပါ တစ်ခါတည်း ရယူနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့် Android ကို သုံးသင့်သလဲ
Android ကို သုံးသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အားသာချက်တွေ ဆိုပါတော့။

    * Development စဖို့အတွက် ပိုက်ဆံ တစ်ပြားမှ မကုန်ပါဘူး – Development Tools တွေကို Free download ချလို့ ရပါတယ်။ ကိုယ့်ရဲ့ Application တွေကို Android Market မှာ ရောင်းချင်တယ် ဆိုရင်တော့ ပိုက်ဆံ အနည်းငယ်ပေးရမှာပါ။ နှစ်စဉ်ကြေး လစဉ်ကြေးတွေ ပေးစရာ မလိုပါဘူး။
    * လွတ်လပ်စွာ တီထွင် ဖန်းတီးခွင့်ရှိပါတယ် – Android OS က Linux Kernel နဲ့ အခြား Open-source libraries တွေ အပေါ်မှာ အခြေခံထားပြီး တည်ဆောက်ထားတဲ့ Open-source platform ဖြစ်ပါတယ်။ Android Devices တွေအပေါ်မှာ အသုံးပြုနိုင်အောင် တည်ဆောက်ထား ပါတယ်။ ဒီတော့ မိုဘိုင်းဖုန်းမှ မဟုတ်ပါဘူး။ အခြား Devices တွေမှာ Android ကို သုံးနိုင်ပါတယ်။ Android platform ကို Developer တွေအနေနဲ့ ကြိုက်သလို ပြုပြင် ဖန်တီးခွင့်လည်း ရှိပါတယ်။
    * လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ် – Android Developers တွေ အနေနဲ့ NDA(Non-Disclosure Agreement) တွေမှာ လက်မှတ် ထိုးထားစရာ မလိုပါဘူး။ အချင်းချင်း Code တွေ အပြန်အလှန် ဝေမျှလို့ရသလို လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရှိပါတယ်။ Black Duck Software ရဲ့ စစ်တမ်း ကောက်ယူချက်အရ open source mobile apps တွေ libraries တွေရဲ့ တိုးတက်ပွားများမှုနှုန်းဟာ ၂၀၀၈ ကနေ ၂၀၀၉ အတွင်း ၁၆၈% အထိ ရှိတယ်လို့ သိရပါတယ်။ Android ကတော့ တစ်ခြား Platform တွေထက် ပိုမြန်တယ်လို့ သိရပါတယ်။ အဲဒီတော့ သင့်အနေနဲ့ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူများရေးထားတဲ့ Code တွေကို Share လုပ်ပြီး မြန်မြန် Product ထုတ် မြန်မြန် ဈေးကွက်တင်လို့ ရနိုင်တဲ့ အခြေအနေပါ။
    * လွတ်လပ်တဲ့ ဖြန့်ချီရေးပုံစံ – Google Android ရဲ့ ဈေးကွက်ရဲ့ Content (သို့) Functionality ပိုင်းမှာလည်း ကန့်သတ်ချက် အနည်အကျဉ်းပဲ ထည့်ထားပြီး Developers တွေ အနေနဲ့ အခြား Distribution Channel တွေမှာလည်း လွတ်လပ်စွာ ဖြန့်ချီခွင့်ရှိပါတယ်။
    * Multi-platform အထောက်အပံ့ပေးပါတယ် – Android ကို သုံးထားတဲ့ Hardware Devices တွေကလည်း အများကြီးပါ၊ မိုဘိုင်းဖုန်း၊ Tablet PC  စသည်ဖြင့် အများကြီး ရှိနေပြီ ဖြစ်ပါတယ်။ Windows, Mac OS ဒါမှမဟုတ် Linux မှာလဲ Development လုပ်လို့ရပါတယ်။
    * Multi-carrier အထောက်အပံ့ပေးပါတယ် – Google Android ကို သုံးမယ် Telecom ကုမ္ပဏီတွေကလည်း အများကြီးပါ။ ဒီထက်လည်း အများကြီး ထွက်လာနိုင်စရာ ရှိနေပါသေးတယ်။

Android Development အတွက် ဘာတွေလိုလဲ

    * Eclipse IDE ကို Eclipse IDE for Java Developers ကို ရွေးပြီး Download ချ Install လုပ်ဖို့ လိုပါတယ်။ ဒီ နေရာ မှာသွားပြီး Download ချနိုင်ပါတယ်။
    * Android SDK ကို Download ချ Install လုပ်ဖို့လိုပါတယ်။
    * Android Development Tools (ADT) ဆိုတဲ့ Eclipse Plugin ကို install လုပ်ဖို့ လိုပါတယ်။

Android နဲ့ ပတ်သက်တဲ့ Resources တွေ ရနိုင်တဲ့ နေရာတွေကတော့
Books

    * The Busy Coder’s Guide to Android Development
    * The Busy Coder’s Guide to Advanced Android Development
    * Android Programming Tutorials

ဆိုတဲ့ စာအုပ်တွေပါ။ တစ်နှစ်လုံးမှ ဒေါ်လာ ၄၀ ပေးပြီး ရယူနိုင်ပါတယ်။
Sample Code & Graphics

    * apps for android – simple projects ၁၀ ခု စုပေးထားပါတယ်။
    * shelves – ဆိုတာကတော့ Google Developer တွေရဲ့ နမူနာတွေနဲ့တကွ ဖော်ပြပေးထာတဲ့ Application Site ပါ။
    * astrid – ဆိုတာကတော့ Android Market မှာတင်ပြီးသား ဖြစ်တဲ့ Android full-featured todo list application ဖြစ်ပါတယ်။
    * Android GUI PSD – ကတော့ Addroid GUIs အတွက် Photoshop file တွေ ရနိုင်ပါတယ်။
    * Android Snippets – ဒါကတော့ Google Android အတွက် Code Snippets တွေပါ။
    * Web Views – Android Framework Source တွေပါ။

Tutorials

    * Google I/O 2009 တုန်းက ဟာတွေပါ
          o A General-purpose Caching Architecture for Offline-capable Web Applications with HTML 5 Databases or Gears
          o Android Lightning Talks
          o Coding for Life — Battery Life, That Is
          o Debugging Arts of the Ninja Masters
          o How Do I Code Thee? Let Me Count the Ways
          o Looking Beyond the Screen: Text-To-Speech and Eyes-Free Interaction on Android
          o Mastering the Android Media Framework
          o Pixel Perfect Code: How to Marry Interaction and Visual Design the Android Way
          o Supporting Multiple Devices with One Binary
          o Turbo-charge your UI: How to Make your Android UI Fast and Efficient
          o Writing Real-Time Games for Android
    * Articles – Eclipse က Android နဲ့ ပတ်သက်တဲ့ Articles တွေပါ။

Forums

    * Google Groups
          o android-beginners
          o android-developers
          o android-discuss
    * anddev.org
    * androidcommunity.org forums
    * androidforums.org

Blogs

    * Google Mobile Blog (or) Android Developers Blog
    * Android Guys
    * Androinica

more >>www.zealot-mko.com
Ref: kokyawgyi