Friday, July 8, 2016

What is HTML

ကဲ့ အခြေခံ ၇ှုင်းပြမယ်နော် ၊၊၊၊၊HTML ဆိုတာဘာလဲ?
HTML ဆိုတာ Hyper Text Markup Languageရဲ့  အတိုကောက်စာလုံးဖြစ်ပြီး Web Siteရေးရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ Programming Languageတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ HTML ကိုဟBrowserကဖတ်ပြီး Userဆီကို Text (စာသားတွေ),Image(ပုံတွေ),Table(ဇယားတွေ(စသည်)အဖြစ်ဘာသာပြန်ပေးပါတယ်။  ရေးပုံရေးနည်းကို အောက်မှာကြည့်ပါ
HTML ရေးနည်း => 1
HTML Basic Form or Frame HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frameကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frameတည်ဆောက်ပုံကို တဆင့်စီရှင်းပြပါမယ်

ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကိုHTML ကိုဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေတကတော့ <!DOCTYPE html> ပါ၊
 <!DOCTYPE html> သင်္ကေတကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucmentအမျိုးအစားလဲဆိုတာကို သိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊
ဒုတိယ အဆင့်*
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက် HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိပါတယ်။
<!DOCTYPE html>

<html>       something     </html>

အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊
အပိတ်မှာforwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)<html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို <html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML ဖိုင်ဖြစ်ပါတယ်လို့အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့  </html> အပိတ်တို့ကြားမှာရေးရမယ်၊
*တတိယ အဆင့်*
ဒီအဆင့်မှာတော့HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊ ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုယ်စားပြု HTML tags က
အဖွင့်<head> နဲ့
အပိတ် </head> တို့ပါ၊
သူတို့ကို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရတယ်
<!DOCTYPE html>
<html>
<head></head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှတ်မယ့် HTML tags တွေဖြစ်တဲ့
အဖွင့်<head> နဲ့
အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့ သာလျှင်မက အခြားမည်သည့် HTML Tags တွေကိုမဆို
<html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရမယ်၊
*စတုတ္ထအဆင့်*
ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့ မတူပါဘူး၊ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့
အဖွင့်<title> နဲ့
အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags တွေကိုတော့ ခေါင်းကြီးပိုင်း Tagsတွေဖြစ်တဲ့ <html> နဲ့ </html> တို့ရဲ့ ကြားမှာထည့်ရပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web page </title>
</head>
</html>
အထက်က ကုတ်မှာ ခေါင်းစဉ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags တွေဖြစ်တဲ့ <title> နဲ့ </title> ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ Element ကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့
<head> နဲ့ <head> တို့ရဲ့ ကြားမှာ ထားကိုထားရမယ်၊
*ပဉ္စမ အဆင့်*
ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊ သင်မြင်တွေ့နေရတဲ့ဝက်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းကနေ
လာပါတယ်၊ သူ့ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tagsကတော့ အဖွင့်<body> နဲ့
အပိတ် </body> တို့ပါ၊ သူတို့ကိုတော့ ခေါင်းကြီးပိုင်းTagရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့ အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>

အထက်က HTML ဖိုင်မှာ <body> နဲ့ </body>တို့ကို ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head> ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့်ဝက်ဆိုက်ရဲ့စာမျက်နှာမှာ ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို Paragraphစာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊

<!DOCTYPE html>
<html>
<head>
<title>My Frist HTML Program  </title>
</head>
<body>
<p> Hello EveryBody! This is my First Program </p>
</body>
</html>
ကဲ့ အခြေခံလေး ရေးကည့်ကြဗျာ၊၊၊၊ဆရာတော့ မဟုတ်ပါဘူး သင်ထားတာလေး ပြန်ပြောပြတာပါ

Credit.

No comments:

Post a Comment